အပိုင်း (၃၀) သူက သူမကို တန်ကြေးအတိုင်းပြန်ပေးမယ်လို့ ပြောခဲ့တယ်

2K 224 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၃၀) သူက သူမကို တန်ကြေးအတိုင်းပြန်ပေးမယ်လို့ ပြောခဲ့တယ်

ကုချင်းယွီ၏ နှုတ်ခမ်းထောင့်များသည် လှောင်နေသည့်ဟန် ကွေးတက်သွားပြီး သူ့ကို လျစ်လျူရှုထားလိုက်လေသည်။

တွမ့်ရှင်းယွမ်သည် သူမက တံခါးကို လွယ်လွယ်နှင့်ဖွင့်ပေးမည်မဟုတ်မှန်း ကောင်းကောင်း သတိထားမိ၏။ အမှန်တွင် သူသည် သည်တစ်ကြိမ်၌ အရမ်းလွန်သွားခဲ့သည်။ ကုဝမ်ချန်ပြောခဲ့သည့် စကားကို ကြားလိုက်ပြီးနောက် သူသည် သူမကို သည်နေ့ တွေ့ရတော့မည်မဟုတ်မှန်း သိထားပြီးဖြစ်လေသည်။ ကုဝမ်ချန်နှင့် ကုချင်းယွီအား သူ့စိတ်ရင်းကို ပြသဖို့ရန်သာ သူ အပေါ်သို့တက်လာခြင်း ဖြစ်လေသည်။

“ ချင်းယွီ ကိုယ်တောင်းပန်ပါတယ်နော်”

သူ ဆက်ပြောလိုက်၏။

“ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကကိစ္စမှာ ညီမကို နားလည်မှုလွဲခဲ့တာအတွက် တောင်းပန်ပါတယ်နော်၊ အမှန်ကို မရှာဘဲနဲ့ သူစိမ်းလူတွေရဲ့စကားကို ကိုယ်နားမထောင်ခဲ့သင့်ဘူး... အဲဒီလုံခြုံရေးနှစ်ယောက်က ညီမကို အဲလိုဆက်ဆံလိမ့်မယ်လို့လဲ ကိုယ်မသိခဲ့ဘူး၊ စိတ်မပူနဲ့နော်၊ ကိုယ်သူတို့ကို အလုပ်ထုတ်ပစ်မှာပါ၊ ညီမရဲ့ဒဏ်ရာတွေကိုတော့... ကိုယ် ညီမအတွက် အကောင်းဆုံး ဆရာဝန် ရှာပေးမယ်နော် ၊ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာမှမဖြစ်စေရဘူး”

“ ချင်းယွီ၊ ညီမ နားထောင်နေလားဟင်”

အပြင်ဘက်တွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကုချင်းယွီသည် သူ နောက်ထပ်ပြောလာသည့်စကားကို ကြားလိုက်ရလေသည်။

“ ချင်းယွီ မစိုးရိမ်နဲ့နော်၊ ဒီတစ်ခါ ညီမကို နာကျင်အောင်လုပ်တဲ့လူကို ကိုယ်လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး၊ စိတ်အေးအေးထားနော်၊ ကိုယ့်ရဲ့ကျန်တဲ့တစ်ဘဝလုံးနဲ့ရင်းပြီး ညီမကို ကာကွယ်ပေးပါမယ်လို့ ကိုယ်ပြောထားတယ်လေ”

သူသည် ပိုလို့ပင် ရယ်စရာကောင်းလာသည်ဟု ကုချင်းယွီ ခံစားလိုက်ရလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now