အပိုင်း (၂၀) လက်တုံ့ပြန်နည်း

2.2K 249 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၂၀) လက်တုံ့ပြန်နည်း

မူခန္ဓာကိုယ်ပိုင်ရှင်၏နှလုံးသားကို သေဆုံးအောင် လုပ်ခဲ့သည့် အဓိက လူနှစ်ယောက်မှာ  တစ်ယောက်သည် တွမ့်ရှင်းယွမ် ဖြစ်သည်။ သူသည် သူမကို မချစ်ခဲ့ကြောင်း သိလိုက်ရသောကြောင့်ပင်။ သို့မဟုတ်လျှင် သူသည် နားလည်မှုလွဲပြီးနောက် သူမကို မယုံကြည်နိုင် ဖြစ်မည်မဟုတ်သလို သူမကိုလည်း အလွန်မုန်းနေလိမ့်မည်မဟုတ်ပေ။

နောက်တစ်ယောက်မှာ သူမ၏အဖေ ကုဝမ်ချန် ပင်။

ကုဝမ်ချန်သည်လည်း သူမကို မချစ်ခဲ့ချေ။ သူသည် သူမနှင့် မရှင်းမလင်း သေဆုံးသွားသည့် သူမ၏အမေကို သစ္စာဖောက်ခဲ့ပြီး ယခုတွင် တွမ့်ရှင်းယွမ်က သူမကို မလိုချင်တော့မှန်း သိသွားပြီး သူမဆီမှ လုံလောက်သည့်အကျိုးအမြတ်မရနိုင်တော့မှန်း သိသွားသောအခါ သူမ နောက်ဆုံးတန်ဖိုးကို ညှစ်ထုတ်ရန် သူမအား တောင်အာဖရိကရှိ သူ့သူငယ်ချင်းနှင့် လက်ထပ်ပေးရန် တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ခဲ့လေသည်...

သို့သော် ဒီဗီဒီယိုက ဖျူးစ် တစ်ခုသာဖြစ်၏။ သူမသည် သည်ယောက်ျားနှစ်ယောက်ကို အမှန်တကယ် အမုန်းဆုံးဖြစ်လေသည်။

ဗီဒီယိုထွက်လာပုံကို မူလခန္ဓာကိုယ်ပိုင်ရှင်သာ သိသွားလျှင်  သူမသည် ကုချင်းချန်းကိုပါ ပေါင်းထည့်ပေလိမ့်မည်။ သို့သော် အရေးမကြီးပေ။ သူမသည် တစ်ခုဝယ် တစ်ခုလက်ဆောင်ရသည်ကို သဘောကျလေ၏။ ထို့ကြောင့် ကုချင်းချန်သည် စျေးဝယ်စင်တာမှ လက်ဆောင်တစ်ခုအဖြစ် ဆက်ဆံခံရပေလိမ့်မည်။

သို့သော် သည်လူများကို လက်တုံ့ပြန်ရန်က...

လင်းဟန်ကျောက်သည် လက်နက်ကောင်းတစ်ခုပင်။

ကုချင်းယွီသည် ယဲ့ယဲ့လေး ပြုံးလိုက်၏။

လူတစ်ယောက်ကို ခံစားစေချင်ရင် အရမ်းကိုလွယ်လွယ်လေးပဲ၊ သူ ဂရုစိုက်ဆုံးအရာကို လက်လွှတ်ခိုင်းရအောင်လုပ်ပြီး သူ့မာနကို တစစီ ဆုပ်ဖြဲပစ်လိုက်ဖို့ပဲလေ။

တွမ့်ရှင်းယွမ်က သူ့အလုပ်ကို ဂရုအစိုက်ဆုံး၊ ပြီးတော့ မူလခန္ဓာကိုယ်ပိုင်ရှင်က သူ့ကို  အရမ်းချစ်တာလို့ ထင်ခဲ့တာလေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now