အပိုင်း (၇) မင်းက တကယ်ပဲ ဘယ်သူများလဲ

2.6K 265 0
                                    

အပိုင်း (၇) မင်းက တကယ်ပဲ ဘယ်သူများလဲ

သွားပါပြီ။ သူ့ပုံက အရမ်းကို ဆိုးနေပြီ။ ဒီထက်ဆိုးတာက သူ သွေးတွေလည်း အများကြီး ဆုံးရှုံးထားတယ်။ ငါနည်းနည်းလေး စုပ်လိုက်တာနဲ့ သူသေသွားတော့မှာပဲ....

သို့သော် ဖြူဆုတ်နေသည့် မျက်နှာတစ်ခုနှင့် ထိုနေရာတွင် သတိလစ်ကာ ထိုင်နေသည့် သူ့ကို မြင်လိုက်ရသောအခါ သူ့ဆီမှ အကျိုးအမြတ်ရထားသည့် ကုချင်းယွီသည် ဒီအတိုင်း မထားခဲ့နိုင်တော့ပေ။

ဟုတ်ပါတယ်လေ။ ဒီကိစ္စရဲ့အမှန်တရားက တကယ်တော့ ငါလေးကို စွမ်းအင်တွေ ထောက်ပံ့ပေးနိုင်တဲ့ ဧရာမရင်းမြစ်ကြီးကို ထားခဲ့ဖို့ နည်းနည်းလေး တွန့်ဆုတ်နေမိတာပဲ။

ထိုယောက်ျားလက်ပေါ်က ဒဏ်ရာကိုစိုက်ကြည့်ရင်း သူမသည် ထိုသို့စဥ်းစားလိုက်ပြီး သူမ၏လက်ကို ဆန့်ထုတ်လိုက်ကာ သူ့ဒဏ်ရာအတွင်းသို့ သူမ၏စွမ်းအင်ကို ထည့်ပေးလိုက်လေသည်။ ထိုအခိုက်အတန့်တွင် ထိုယောက်ျားသာ သတိရှိနေသေးလျှင် သူ့ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် အမှန်တကယ် ကုသမှုခံယူနေသည်ကို သိသွားကာ ရှော့ခ်ရသွားပေလိမ့်မည်။

သို့သော်ငြား သည်ဒဏ်အရာအပြင် သူ့ခန္ဓာကိုယ်ပေါ်တွင် တခြားဒဏ်ရာများလည်းရှိနေသေး၏...

ကုချင်းယွီသည် ထိုအခြင်းအရာကို မျှော်လင့်မထားသည်ဖြစ်ရာ စွမ်းအင်များကို အကုန်သုံးလိုက်တော့သည်။

ကုချင်းယွီသည် သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်း ဒဏ်ရာရနေဆဲဖြစ်သည့် ဒူးခေါင်းကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။

ငါ့မှာ နောက်ဆုံးမှ စွမ်းအင်တချို့ကို စုပ်ယူထားခဲ့ရတာ ဒါပေမဲ့ တစ်ဝက်ကို သူ့အတွက် သုံးလိုက်ရတယ်တဲ့ တကယ်ပါပဲ....

အင်းလေ။ ဘာပဲဖြစ်ဖြစ် စမ်းအင်ရင်းမြစ်က သူ့ဆီကလာတာဆိုတော့ သူ့ဒဏ်ရာတွေကို ကုဖို့ကူညီလိုက်တာ ကျေးဇူးတရားလို့ မှတ်လို့ရပါတယ်။

နှမြောစရာပဲ။ စွမ်းအင်တွေက ဒီခန္ဓာကိုယ်ကို ကုလို့ရနိုင်တယ်လေ အထူးသဖြင့် ဒူးက ဒဏ်ရာကိုပေါ့...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now