အပိုင်း (၁၆၀) သူမလည်း အားနည်းပါတယ်

543 69 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၆၀) သူမလည်း အားနည်းပါတယ်

သူမ၏ချစ်သူက တွမ့်ရှင်းယွမ် ထက်မနိမ့်သည်ကို သိထားရသ၍ ကုဝမ်ချန်သည် အလျင်မလိုပါချေ။

မည်သို့ဆိုစေ....

အကျိုးအမြတ်များသည် ရောက်နှင့်နေပြီးပြီ။

ချန်းဟိုင် အမည်ရသည့် ရှယ်ယာရှင်အသစ်လေးသည် သူ့ကို ထောက်ပံ့ပေးလိမ့်မည်ဖြစ်ပြီး သူ့ရာထူး တည်ငြိမ်နေသ၍ လုံလောက်လေသည်။

သည်အချက်ဖြင့် ကုချင်းယွီက အကျပ်အတည်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကုဝမ်ချန်သည်လည်း နောက်ဆုံးတော့ တည်ငြိမ်သွားတော့သည်။

ကုဝမ်ချန်က သူမနှင့် ကျွမ်းစစ်ရိတို့၏ လက်တွဲလုပ်နေသည့်ကိစ္စကိုလည်း မေးလိုက်သော်လည်း သူမ၏အသေးအမွှားကိစ္စများကို စိတ်မပူဘဲ အကူအညီလိုမလိုကိုသာ မေးလိုက်လေသည်။ ကုချင်းယွီက သူမသည် အစမ်းလုပ်နေခြင်းဖြစ်ပြီး ဒီစတူဒီယိုဆိုသည်ကလည်း တကယ်တော့ သူမ၏ချစ်သူ လုပ်ထားသည့်ဟာဖြစ်ကာ သူမ၏နာမည်ကို သုံးထားခြင်းဖြစ်ကြောင်း အရိပ်အမြွက် ပြောလိုက်လေသည်။

ဒါသည် ကုဝမ်ချန်အတွက်  အဓိပ္ပာယ်ရှိလေသည်။ ထို့ကြောင့် သူ ဘာမှ ထပ်မမေးတော့ချေ။

ကုချင်းယွီက သူမ၏ချစ်သူ မြို့တော်ကို ပြန်သွားသည်ဟု ပြောခဲ့သည်ကလည်း အမှန်ပင်။ မုရွှမ်ချင်သည် တော်ဝင်မြို့တော်သို့ ပြန်သွားပြီ ဖြစ်သော်လည်း မုရိနှင့် မုအာ့ တို့ကို သူမ၏ခွင့်ပြုချက်အရ ကာကွယ်ပေးရန် ထားခဲ့လေသည်။

သူက သူမ၏လုံခြုံရေးကို စိတ်ပူနေသည့်အကြောင်းအရင်းကိုလည်း သူမခန့်မှန်းမိနေ၏။ သူမရဲ့အစားအသောက်လေးက... တကယ်ဆွဲဆောင်မှုရှိတာမလို့... သူ့ကို ဝှက်ထားဖို့ လူအများကြီးက လိုချင်နေကြတဲ့ပုံပဲ။

ဒါပေမဲ့ သူ့ကို ဝှက်ထားဖို့ကလည်း နည်းနည်းပိုခက်မှာဆိုတော့ သူ့ကို တပ်မက်ရဲတဲ့ လူအားလုံးကို ငါလေးက ဒီအတိုင်း သ-တ်ပစ်လိုက်ရုံပဲပေါ့။

သူမက သာယာစွာ တခစ်ခစ် ရယ်မောလိုက်တော့သည်။ ကမ္ဘာပေါ်မှာ အထိအခိုက်မခံဆုံးနေရာက အင်တာနက်လေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now