အပိုင်း (၄၃) သူငါ့ကို စိတ်ဝင်စားနေတဲ့ပုံပဲ

1.8K 198 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၄၃) သူငါ့ကို စိတ်ဝင်စားနေတဲ့ပုံပဲ

သို့သော် ကုချင်းယွီသည် ရုတ်တရက်ဆိုသလို တစ်ခုခုကို သိရသွားတော့သည်။

အဲနေ့ကလည်း အဖေကု ငါလေးကို နေပြန်ကောင်းလာအောင်လုပ်ပြီး လက်ထပ်ဖို့ စောင့်နေရမယ်လို့ ပြောခဲ့သေးတယ်....

ကြည့်ရတာ သူ ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသား နေမယ်။

ဒါပေမဲ့ သူတို့တွေကို စိတ်ပျက်သွားစေတော့မှာပဲ။

တွမ့်မိသားစုက သူတို့ လက်ထပ်ဖို့ သဘောတူမှာ မဟုတ်လေဘူး။

“ လက်ထပ်မယ်ဟုတ်လား”

မုရွှမ်ချင်သည် ချန်ရန်၏တင်ပြချက်ကို နားထောင်လိုက်ပြီး သူ့မျက်လုံးများ ကျဥ်းမြောင်းသွားတော့သည်။

သူသည် သည်ကာလအတွင်း တွမ့်ရှင်းယွမ်နှင့် ကုချင်းယွီကို စောင့်ကြည့်ထားရန် လူလွှတ်ထားခဲ့သော်လည်း သည်လိုသတင်းမျိုး သိလာရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။

သူမရဲ့ ယုံကြည်စရာမကောင်းတဲ့ စေ့စပ်ထားတဲ့သူရဲ့ ကုမ္ပဏီကနေ မောင်းထုတ်ခံလိုက်ရပြီး အားလုံးရှေ့မှာ လုံခြုံရေးအစောင့်တွေ ဆွဲထုတ်တာ ခံလိုက်ရတာတောင်မှလေ....

ဒီလို ဆက်ဆံခံလိုက်ရပြီးတာတောင် သူမက တွမ့်ရှင်းယွမ်နဲ့ လက်ထပ်ဖို့ သဘောတူလိုက်သေးတယ်တဲ့လား။ သူမက တွမ့်ရှင်းယွမ်ကို အဲလောက်တောင် ချစ်နေသေးသတဲ့လား။

ဒါမှမဟုတ် တွမ့်ရှင်းယွမ်ကို လက်ထပ်တာက သူမရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့များလား။

လက်ထပ်မယ်ဆိုတော့...

“ဆရာ”

မုရွှမ်ချင်သည် သူ့လက်ထဲက ခွက်အလွတ်ကို မ,ကာ လေထဲတွင် မော့သောက်လိုက်သည်ကို ကြည့်လိုက်ရင်း ချန်ရန်သည် မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားတော့သည်။

“ ဒါ.... ကျွန်တော် ရေနောက်တစ်ခွက် ထပ်ယူလာခိုင်းလိုက်ပါမယ်”

“....”

မုရွှမ်ချင်သည် သူ့ရှေ့က ခွက်လွှတ်ကို စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားသော်လည်း ဘာတစ်ခွန်းမှ မပြောလိုက်ချေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now