အပိုင်း (၇၁) ကျွန်မ လမ်းမခွဲရင် နှစ်သစ်ကူးအတွက် သူ့ကို ဆက်တွဲသင့်တယ်လို့များ ရှင

1.6K 210 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၇၁) ကျွန်မ လမ်းမခွဲရင် နှစ်သစ်ကူးအတွက် သူ့ကို ဆက်တွဲသင့်တယ်လို့များ ရှင်ကထင်သလား

မုရွှမ်ချင်သည် ကားထဲရောက်သည်နှင့်တစ်ပြိုင်နက် ကုချင်းယွီ၏မျက်လုံးများက သူ့ကို အသည်းအသန် ငေးကြည့်နေသည်ဟု ခံစားလိုက်ရလေသည်။

သူ့မျက်တောင်ရှည်များသည် သူ့ခံစားချက်ကို ဖုံးကွယ်ရန် မသိမသာ နိမ့်ကျသွားပြီး သူမက သူအား ငေးကြည့်ရင်း မေးလိုက်သည်ကို နားထောင်နေလိုက်သည်။

“ ရွှမ်ချင်.... ဆရာ .... ရှင်ဒီမှာ ဘာလာလုပ်တာလဲဟင်၊ ကျွန်မကို လာကြိုဖို့ ဒီအထိရောက်လာခဲ့တာလား၊ ကျွန်မကို သတိရရဲ့လားဟင်၊ ကျွန်မတော့ ရှင့်ကို အရမ်းသတိရတာပဲ ၊ နာရီတိုင်း စက္ကန့်တိုင်း ရှင့်ကို သတိရနေတာ”

‘ဆရာ’ ဆိုတာ လူတိုင်းခေါ်တဲ့ ဘွဲ့တစ်ခုပါပဲ၊ ဒါပေမဲ့ သူမက အရမ်းပျော့ပြောင်းပြီး မိန်းမဆန်ဆန်နဲ့ ဘယ်လိုများ ခေါ်တတ်နေရတာလဲ။ သူ့နှလုံးသားကို နည်းနည်းထိသွားတယ်...

အမှန်တွင်တော့ သူသည် သူမကို လာကြိုခြင်းမဟုတ်ပေ။ သူမ သည်နေရာတွင် ရှိနေသည်ကိုပင် သူမသိခဲ့ပေ။ သူသည် သည်နားရောက်နေသည်နှင့် တိုက်ဆိုင်သွားပြီး သူမလည်း သည်အနီးအနားတွင် ရှိနေသည်ကို သိလိုက်ရခြင်းဖြစ်လေသည်။

ဒါသည် တိုက်ဆိုင်မှုသက်သက်ပင်။

နောက်တစ်ခု သူသိလိုက်ရသည်မှာ သူသည် မမျှော်လင့်ဘဲ အရှက်ခွဲခံလိုက်ရခြင်းပင်။

ချန်ရန်သည် ပြုံးလိုက်ပြီး

“ ဟုတ်တယ် မိန်းကလေးကု ဆရာက ဒီနားမှာ ကိစ္စရှိလို့ရောက်လာတာ၊ မိန်းကလေး ဒီမှာရှိတယ်လို့ ကြားကြားချင်း သူရောက်လာတာပဲ....”

ချန်ရန်သည် စကားပြောရင်း တပိုင်းတစတွင် ရေခဲတမျှ အေးစက်သည့်အမြင်အာရုံက သူ့ထံ ရောက်လာသည်ကို ခံစားလိုက်ရတော့သည်။ သူသည် အလွန်တောင့်တင်းသွားပြီး သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်တော့သည်။

သို့သော် သူစိတ်ထဲတွင်တော့ အနည်းငယ် ကူကယ်ရာမဲ့နေ၏။

ဆရာကတော့ တကယ်တစ်ခုခုပဲ။ သူ မိန်းကလေးကို ဂရုစိုက်တာ သိသာနေတဲ့ဟာကို။ လွန်လွန်းလို့မှ သူ့ညာလက်ရုံးကိုတောင် မိန်းကလေးကုရဲ့ လမ်းပြလုပ်ဖို့ ချန်ခဲ့သေးတယ်လေ၊ ဒါက အခွံမာသီးကို ခွဲဖို့ ပေါင်တူကြီးသုံးတာနဲ့ တူတူပဲ.. ဒါပေမဲ့ သူမသာ ဆရာချစ်တဲ့မိန်းမဆိုရင် သူတို့ရဲ့ နောက်ဖြစ်လာမဲ့သူဌေးပဲ၊ ဒီလိုဆိုရင် သူက စိတ်ထဲမထည့်ပါဘူး။ ဒါပေမဲ့ ဆရာက ခံစားချက်မှာ အချစ်ရေးနဲ့ ပတ်သက်လာရင် အရမ်းအတက်အကျမြန်တယ်၊ သူ သူမကို ချစ်တယ်ဆိုရင်လည်း ဘာလို့ မထုတ်ပြလိုက်တာလဲ။ သူ့မျက်နှာကို အမြဲတမ်းတည်ထားပြီးတော့။ သူဘာတွေးနေလဲ ဘယ်သူက သိမှာလဲ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now