အပိုင်း (၈၁) သူက အရမ်းစဥ်းစားပေးတတ်တဲ့သူ

1.3K 170 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၈၁) သူက အရမ်းစဥ်းစားပေးတတ်တဲ့သူ

သို့မဟုတ်ပါလျှင်.....

ဆရာသည် Sမြို့တွင် အခုချိန်ထိ ရှိနေမည် မဟုတ်သလို Sတက္ကသိုလ် အနုပညာကျောင်းနားတွင် အိမ်တစ်လုံးလည်း ဝယ်လိမ့်မည်မဟုတ်ပေ။

ဟင်းနော် ။ Sမြို့မှာ ဆရာ့ပိုင်ဆိုင်မှုတွေမှ အများကြီးကို ၊ ဘယ်ဟာက ဒီတစ်ခုလောက် မကောင်းလို့လဲ။ သူ ဒီနေရာကိုမှ အထူးတလည်ရွေးခဲ့တာ မိန်းကလေးကု ကြောင့်ပဲလေ...

ဆရာကတော့ တကယ့်မာနကြီးတဲ့သူပဲ။ မိန်းကလေးကုကို ကြိုက်နေတာ သိသာနေရက်နဲ့တောင် လေယာဥ်ပေါ်မှာ သူမရဲ့ကူရှင် လုပ်ပေးခဲ့တာကိုလည်း သူမကို အသိမပေးခဲ့ဘူး။ အခုလဲ သူမရဲ့ကျောင်းနားမှာနေပြီးတော့ သူမဆီမသွားဘူးတဲ့လေ...

ချန်ရန်သည် အသာအယာချောင်းဟန့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ဒါပေမဲ့... အဲနေ့တုန်းက တွမ့်ရှင်းယွမ် ဆရာကို တွေ့လိုက်တာ လန့်သွားတဲ့ပုံပဲ၊ သူ မစ္စတာကုကို ထပ်မဆက်သွယ်တော့ဘူး၊ ဒါကြောင့် မစ္စတာကုကို အကျိုးအမြတ်တွေ ပေးမယ်ဆိုတဲ့ကတိလည်း မတည်နိုင်တော့ဘူး၊ ဆိုတော့ ကုဝမ်ချန်က မိန်းကလေးကုကို မကြာခင် တခြားယောကျ်ားတစ်ယောက်နဲ့ စီစဥ်ပေးတော့မယ်ထင်တယ်”

“....”

မုရွှမ်ချင်၏ မျက်တောင်များသည် ဖျတ်ခနဲလှုပ်သွားပြီးနောက် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့သည်။

ချန်ရန်က သူ့ဆရာကို စိတ်ထဲမှာ ရယ်နေမိလေသည်။

ဆရာက သန်မာပြီး အင်အားကြီးတယ် ၊ အမြဲတမ်း တည်တည်ငြိမ်ငြိမ် ကြောက်စရာကောင်းတဲ့အမူအရာနဲ့  ဆိုပေမဲ့ တချို့ကိစ္စတွေမှာတော့ အခုမှချစ်တတ်စ ဆယ်ကျော်သက်လေးတစ်ယောက်နဲ့ ဘာမှမကွာလေဘူး။

ဒါပေမဲ့ ဒါကလည်း ဆရာ့အမှားတော့ မဟုတ်ပါဘူးလေ...

တကယ်တော့ ချစ်ကြိုက်ရမဲ့အရွယ်မှာ သူ့ဆီ တစ်ခုခုဖြစ်ပျက်သွားပြီးတော့ နှစ်အနည်းငယ်လောက် ပျောက်သွားပြီးမှ ပြန်ပေါ်လာတော့လည်း သူ့အလုပ်တွေနဲ့ အလုပ်များနေခဲ့တာ။ ဒီနှစ်တွေမှာ သူ့နိုင်ငံအတွက် လုပ်နေတာနဲ့ပဲ အလုပ်အရမ်းများပြီး ဒီအကြောင်းတောင် စဥ်းစားဖို့ အချိန်မရခဲ့ဘူး။ သူ မစဥ်းစားချင်တာတော့ ဘယ်ဟုတ်ပါ့မလဲလေ။ နောက်ဆုံး သူ့ကိုယ်သူ  မိသားစုနဲ့တောင် တမင်ခပ်ခွာခွာ နေလာခဲ့ပြီးမှ ချစ်သူတစ်ယောက်ထားဖို့ သူ့ကိုယ်သူ ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်ပါ့မလဲ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now