အပိုင်း ( ၇၂) လူဆိုး

1.7K 226 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၇၂) လူဆိုး

ကုချင်းယွီသည် ချိုမြစွာပြုံးလိုက်သော်လည်း သူမ၏အပြုံးထဲတွင် အေးစက်သည့်အရောင်တစ်ခု ရှိနေလေသည်။

“ နှစ်သစ်ကူးတဲ့အထိ စောင့်စရာမလိုပါဘူး၊ သူ ကျွန်မရှေ့ ထပ်ပေါ်လာရဲပေါ်လာကြည့်လေ ကျွန်မသူ့ကို ချင်းမင်ပွဲတော်(ဘိုးဘွားအုတ်ဂူကန်တော့ပွဲ)ဖြစ်အောင် လုပ်ပလိုက်မယ်”

ရှေ့ခန်းက ချန်ရန်သည်  အနည်းငယ်အံ့ဩသွားပြီး မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတော့သည်။

ဆရာ့အမျိုးသမီးလို့မပြောရဘူး၊ အကြိုက်ချင်းကလဲတူပါ့။ သူမက သံယောဇဥ်ဖြတ်တဲ့နေရာမှာတော့ အရမ်းပြတ်သားတာပဲ၊ ပြီးတော့ သူမုန်းတဲ့သူကို ချင်းမင်ပွဲတော်တောင် လုပ်ပေးလိုက်အုံးမတဲ့လေ... ဟင်း.. ဒါက ဆရာ့စရိုက်နဲ့ သင့်တော်တဲ့စတိုင်တစ်ခုပဲ။

သူမ၏အပြုံးသည် ပေါ့ပါးပြီး လေပြေကဲ့သို့ညင်သာလေရာ ခြိမ်းခြောက်သည့်စကားလုံးများကပင် အလွန်ဝင့်ကြွားပြီး သူမ အမှန်တကယ်လုပ်လိမ့်မည်ကို သံသယဖြစ်စရာမလိုချေ။

မုရွှမ်ချင်သည် သူကိုယ်တိုင်ပင် သတိမထားမိလိုက်သည့် အပြုံးမျက်လုံးများဖြင့် သူမကို ကြည့်နေမိလေသည်။

သို့သော် ကုချင်းယွီက သူ့နှုတ်ခမ်းကို ပြင်းပြစွာကြည့်လိုက်ပြီးနောက် သူမ၏နှုတ်ခမ်းကို ကိုက်ကာ မေးလာလေသည်။

‘ ရွှမ်ချင်...ဆရာ...”

သူမ၏အသံသည် အလွန်သိမ့်မွေ့ရာ လူများကိုပင် ကြက်သီးသွားစေလေသည်။ သူမ၏သိသာလှသည့် မျက်ဝန်းများနှင့်ဆုံလိုက်ပြီးနောက် မုရွှမ်ချင်သည် သူ့လည်ချောင်းမှာ အနည်းငယ်ခြောက်လာသည်ကို ခံစားလိုက်ရပြီးနောက် သူက သူမကို ပြန်မေးလိုက်လေသည်။

“ ငါ မင်းကို နမ်းလို့ရမလား”

ကားကို ဘရိတ်ပြင်းစွာ အုပ်မိသွားပြီး ချန်ရန်သည် သူ့လျှာကို ကိုက်မိသွားတော့သည်။ သူ့မျက်လုံးများထဲက မျက်ရည်များသည် နာကျင်မှုကြောင့် ထွက်ကျလာပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now