အပိုင်း (၁၅၅) ရှောက်ဇီဟန်က ကုချင်းယွီကိုချစ်ခဲ့တယ်

744 99 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၅၅) ရှောက်ဇီဟန်က ကုချင်းယွီကိုချစ်ခဲ့တယ်

ကျွမ်းကျင်းသည် အိမ်ပြန်ရောက်ချိန်၌ အပျော်လွန်ပြီး မအိပ်နိုင်ဖြစ်နေရာ ဟိုလှည့်သည်လှည့်ဖြင့် ဝေ့ပေါ် ကိုခဏလောက် ကြည့်လိုက်ပြး ကုချင်းယွီက ရှာဖွေမှုအများဆုံးနေရာ ရောက်နေသည်ကို တွေ့လိုက်ရလေသည်။ သို့သော် သူမကို ပိုရှောခ့်ရသွားစေရသည်က သူမ၏ချစ်သူအသစ်စက်စက်နှင့် ပတ်သက်နေသည့်အကြောင်းပင်။

ရှောက်ဇီဟန်က ကုချင်းယွီအတွက် အထုပ်သယ်ကူပေးနေသည့်ပုံကို မြင်လိုက်ရတော့ ကျွမ်းကျင်း၏ မျက်နှာအမူအရာမှာ ရှုံ့တွသွားတော့သည်။

အထက်ကျောင်းမှာတုန်းက သူမ ရှောက်ဇီဟန်ကို မြင်မြင်ချင်း ချစ်သွားခဲ့တ ဘာလို့လဲဆိုတော့ သူက သူမရဲ့ပစ္စည်းတွေကို ကူသယ်ပေးခဲ့လို့ပေါ့....

အခုကျတော့ သူက တခြားမိန်းမအတွက်လည်း အရမ်းကို တွေးပေးတတ်တာ မြင်လိုက်ရတော့ လုံးဝမပျော်တော့ဘူး။

ပိုဆိုးတာက Sတက္ကသိုလ်ဖိုရမ်ပါ်က ပိုစ့်နဲ့ မှတ်ချက်တွေကို ကြည့်လိုက်တော့ ပိုစ့်တော်တော်များများက ရှောက်ဇီဟန်နဲ့ ကုချင်းယွီကို ရည်ရွယ်ပြီး ပြောထားတာကို တွေ့လိုက်ရတာပဲ။ နှစ်ယောက်သားက သူတို့ကြားမှာ တစ်ခုခု ရှိခဲ့သလိုပဲ။

ကျွမ်းကျင်းသည် ကုချင်းယွီ ပန်းချီဆွဲနေသည်ကို အမြတ်တနိုးကြည့်နေသည့် ရှောင်ဇီဟန်၊ အပြင်ဘက်တွင် ပန်းချီထွက်ရေးစဥ်က အုပ်စုလိုက်ရိုက်ထားသည့် ဓာတ်ပုံထဲတွင် ကုချင်းယွီဘေး၌ ရပ်နေသည့် ရှောက်ဇီဟန်၊ များစွာသောရှောက်ဇီဟန်၏ ပုံများကို ကြည့်လိုက်၏....

ရှောက်ဇီဟန်၏ ပုံစံအမျိုးမျိုးက သူမ အရင်က မတွေ့ဖူးခဲ့သည့်အရာများပင်။ သို့သော် ဓာတ်ပုံထဲ ရှောက်ဇီဟန်၏ပုံစံများသည် ကုချင်းယွီကိုသာ ကြည့်နေလေသည်။

ရှောက်ဇီဟန်က ကုချင်းယွီကို ချစ်ခဲ့တာပဲ။

ဓာတ်ပုံများကို ကြည့်ရုံနှင့်ပင် ခံစားကြည့်နိုင်သည့်အရာဖြစ်နေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now