အပိုင်း (၅၆) သူမ ဘယ်အတိုင်းအတာထိ ဆက်လုပ်မလဲ သိချင်မိတယ်

1.7K 217 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၅၆) သူမ ဘယ်အတိုင်းအတာထိ ဆက်လုပ်မလဲ သိချင်မိတယ်

သူမ.... သူ့ကို မြှူဆွယ်ဖို့ ကြိုးစားနေတာလား။

ဒါပေမဲ့ အဲလိုမဟုတ်တာလည်း သူ ရှင်းရှင်းလင်းလင်းကို သိနေတယ်လေ။

သူမက အရမ်းသန့်ရှင်းတယ်။ သူမဆီမှာ ဘာအလိုဆန္ဒမှ မရှိတာ မဟုတ်ဘဲနဲ့ သူမရဲ့လိုအင်ဆန္ဒက အရမ်းကို သိသာနေတာမှ လုံးဝကို ဟန်ဆောင်ဖုံးကွယ်ထားမရှိလေဘူး။ တောကြီးမျက်မည်းထဲကနေ လူ့အဖွဲ့အစည်းထဲကို အခုမှ ရောက်လာတဲ့ သားရိုင်းကောင်လေးတစ်ကောင်နဲ့ တကယ်တူတာ၊ သူ့ပင်ကိုသိစိတ်အတိုင်းပဲ လုပ်ရှားပြီး သာမန်လူတွေလောက်တောင် မရှုပ်ထွေးဘူး။

ဒါပေမဲ့ သေလောက်တယ်။

သို့သော်ငြား သူကတော့ ခြွင်းချက်ပင်။

မုရွှမ်ချင်သည် သူမကို သူ့အားပေးကိုက်ထားလိုက်လေသည်။ သူသည် သူမ ဘယ်အတိုင်းအထာအထိ လုပ်မည်ကို သိချင်မိနေလေသည်။

ကုချင်းယွီသည် သူမ၏သွားများမှာ သူ့အရေးပြားကို ကိုက်ဖို့ရာ အလွန်အားနည်းနေသည်ကို သိလိုက်ရပြီးနောက် အနည်းငယ် စိတ်ရှုပ်သွားတော့သည်။ သို့သော် အခြေအနေလုံးဝ ဆုံးနေသည်က မဟုတ်ချေ။ အနည်းဆုံးတော့ သူမ သူ့အနား ကပ်သွားလေလေ စွမ်းအင်များကို ပိုစုပ်ယူနိုင်လေလေ ဖြစ်ကြောင်း သိလိုက်ရလေသည်။

သူမသည် လွှတ်လိုက်ကာ သူ့လည်ပင်းကို ငေးကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို သပ်လိုက်လေသည်။

“...”

မုရွှမ်ချင်၏လည်ချောင်းမှ အလုံးလေးသည် လိမ့်တက်သွားတော့သည်။

ဒီမိန်းမကတော့ တကယ်ပါပဲ...

သူ့ကို လိုချင်တပ်မက်တဲ့ မိန်းမတွေအများကြီးရှိပေမဲ့ သူမကတော့ အပွင့်လင်းဆုံးပဲ။

ဘာလို့လဲဆိုတော့ တခြားမိန်းမတွေက သူ့ကို ကြောက်ကြပြီး သူ့နား မကပ်ရဲကြပေမဲ့ သူမကတော့ သူ့ကိုမကြောက်လေဘူး။

သူမကို ဓားစာခံအဖြစ် လုပ်ခဲ့ဖူးတာ မသိတာလဲ မဟုတ်ဘဲနဲ့။ ဒီလောက်ဆိုရင် သူ ဘယ်လောက် အန္တရာယ်များလဲဆိုတာ သူမသိသင့်တယ်လေ။ အဲဒီနေ့က လတစ်လရဲ့ သူ့အတွက် အားအနည်းဆုံး အချိန်သာ မဟုတ်ခဲ့ရင် သူမ အသက်ရှင်ဖို့ အခွင့်အရေးတောင် ရခဲ့မှာမဟုတ်ဘူး...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now