အပိုင်း (၁၂၅) အတူတူလာကြ

839 103 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၂၅) အတူတူလာကြ

“မိန်းမလှလေး လမ်းပျောက်နေတာလား၊ အစ်ကိုကြီးတို့ လမ်းပြပေးရမလား”

လူဆိုးတစ်ယောက်က အံ့အားသင့်နေသည့် မျက်လုံးများဖြင့်  ကုချင်းယွီ၏ မျက်နှာလှလှလေးကို စိုက်ကြည့်နေ၏။

သူတို့သည် ပစ်မှတ်၏ဓာတ်ပုံများကို ရခဲ့စဥ်က အံ့ဩခဲ့ရသေးသည်။ သို့သော် ဖြတ်ညှပ်ကပ်လုပ်ထားသည်ဟုသာ ထင်လိုက်လေသည်။ နောက်ဆုံး ယခုခေတ်တွင် အလှပရေးရာ အွန်လိုင်း appများစွာရှိရာ အနုပညာလောက မင်းသမီးများထက်ပိုလှနိုင်သူ လက်တွေ့တွင် အဘယ်မှာရှိနိုင်မည်နည်း။ မျှော်လင့်မထားဘဲ လက်တွေ့ဘဝတွင် တကယ်ရှိပြီး ဓာတ်ပုံထဲကထက်ပင် ပိုလှသေးသည်။

ကျန်လူဆိုးနှစ်ယောက် ကစားပွဲထဲဝင်လာပြီး အသည်းတယားယား ဖြစ်နေသော်လည်း သူတို့က ဆင်ခြင်တုံတရား ပိုရှိလေသည်။

“ အစ်ကိုကြီး အရင်ဆုံး အလုပ်ကို ပြီးအောင်လုပ်ကြမယ်၊ ပြီးမှ သူ့ကို တနေရာကို ခေါ်သွားကြတာပေ့ါ၊ ပြီးရင်တော့ ငါတို့လုပ်ချင်တာ လုပ်လို့ရပြီ...”

ပြီးရင် ငါတို့လုပ်ချင်တာ လုပ်လို့ရပြီတဲ့လား။

ကုချင်းယွီက ပြုံးလိုက်၏။ ကြည့်ရတာ သူတွေ အရင်က ဂြိုဟ်သားတွေရဲ့ သံလက်သီးအရသာ မမြည်းဖူးဘူးထင်တယ်... ဒါပေမဲ့ ဒါပေမဲ့ ဘယ်သူကရော မြည်းဖူးသေးလို့လဲ။ သူတို့အတွက်တော့ ကမ္ဘာပေါ်မှာ ဒါကို တွေ့ကြုံရတာ ပထမဆုံးလူတွေအဖြစ် ဂုဏ်ယူစရာတစ်ခုပါပဲ။

ဒါပေမဲ့ ငါလေးက တခြားစကားလုံးကို တခြားဟာတွေထပ် ပိုစိတ်ဝင်စားတယ်...

‘အလုပ်...’ ဆိုပဲ။

ဘာအလုပ်လဲ။ ငါလေးဆီကို ဘယ်သူလွှတ်လိုက်တာလဲ။ အရမ်းသိချင်မိပါပြီနော်။

သူမကို ဝိုင်းထားသည့် လူဆိုးသုံးယောက်ကို စောင့်ကြည့်နေလိုက်သည်။ သို့သော် သူတို့ သူမဆီ နီးကပ်လာသည်နှင့်အမျှ ပိုပြီးထူးဆန်းနေသလို ထင်ရလေသည်။ ဒီလိုအချိန်မျိုးဆို သာမန်မိန်းကလေးတွေဆိုရင် ကြောက်လို့ ကိုယ်ကို ကျုံ့လိုက်တာဖြစ်ဖြစ်၊ အော်ဟစ်တာဖြစ်ဖြစ်၊ ထွက်ပြေးဖို့ ကြိုးစားဖြစ်ဖြစ် လုပ်တတ်ကြတာမလား။ သူတို့ကလည်း ဒီလိုပြင်ဆင်လာခဲ့တာလေ။ သူမကို ထွက်ပြေးဖို့ အခွင့်အရေးတစ်ခုမှ ပေးမှာမဟုတ်ဘူးဆိုပြီးတော့...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now