အပိုင်း (၁၄) သက်သေရှာဖွေခြင်း

2.3K 250 0
                                    

အပိုင်း (၁၄) သက်သေရှာဖွေခြင်း

ဒါပေမဲ့ သူမရဲ့အပြစ်ကင်းစင်မှုကိုတော့ သက်သေပြစရာမလိုပါဘူးလေ။

အစကတည်းက ဒီဗီဒီယိုကိုရိုက်ပြီး တင်ခဲ့တဲ့လူကိုရှာဖို့ပဲလိုတာ။

“ဖေးဖေးရေ”

ကုချင်းယွီသည် တိုးညင်းစွာခေါ်လိုက်ပြီးနောက် တစ်စက္ကန့်တွင် သူမ၏လည်ပင်းပေါ်က ငွေရောင်လည်ဆွဲသည် ဖျတ်ခနဲလင်းလာ၏။

“ မာစတာ ရောက်ပါပြီ”

ကုချင်းယွီသည် ရုတ်တရက် ပိုပြီးစိတ်အေးသွား၏။ သူမ၏အာကာသယာဥ်သည် ရှိနေသေးလေသည်။ အနည်းငယ် ပျက်စီးနေသော်လည်း သူသည် ကမ္ဘာမြေပေါ်သို့ရောက်လာချိန်၌ အနည်းငယ် ဟောင်းနွမ်းနေလေသည်။ အကြောင်းမှာ စကြဝဠာထဲတွင် အကြာကြီး ပျံသန်းခဲ့ရသောကြောင့်ပင်။ သူရှိနေသ၍ သူမသည် လုံခြုံဟည်ဟု ခံစားရ၏။

တကယ်လို့ တစ်နေ့ကျရင် ဒီဂြိုဟ်မှာ ပျင်းလာပြီး သူမရဲ့အာကာယာဥ်နဲ့ ထပ်ထွက်သွားပြီး သူမရဲ့မျိုးနွယ်နဲ့ တွေ့ချင်တွေ့ရမှာပေါ့လေ။

ဒါပေမဲ့ အခုတော့ သူမမှာ စွမ်းအင် မဖြစ်စလောက်လေးပဲရှိပြီး ဖေးဖေးကို မူရင်းပုံစံအတိုင်း ပြန်ပြင်ဖို့ စွမ်းအင်မလောက်တော့ သူက သူမရဲ့ အာကာသလည်ဆွဲထဲမှာပဲ နေနိုင်တော့တယ်။ ကံကောင်းချင်တော့ သူမနဲ့ သူနဲ့ ချည်နှောင်ထားတော့ သူမအတွက် တချို့ကိစ္စတွေကို လုပ်ခိုင်းလို့ရသေးတာပေါ့။

“ ဒီကမ္ဘာက အင်တာနက်ကွန်ရက်နည်းပညာနဲ့ဆိုင်တဲ့ အချက်အလက်အားလုံးကို ငါ့အတွက် စုဆောင်းပေး”

ကုချင်းယွီက ပြောလိုက်၏။

“ဟုတ်ကဲ့ပါ မာစတာ”

ဖေးဖေးသည် လက်ရှိတွင် စွမ်းအင်နည်းပါနေရာ သူသည် အနိမ့်ဆုံးစွမ်းအင်သုံးစွဲမှုစနစ်ကို  အလိုလို ပြောင်းလိုက်၏။ အရင်ကလို ဆူညံသည့်အသွင်ပြင်မျိုးမရှိတော့ရာ ကုချင်းယွီကို အနည်းငယ် စိတ်မသက်သာစေသော်လည်း သည်အချက်က သူမအား စွမ်းအင်ကို မြန်မြန်ဆန်ဆန် ပိုစုဆောင်းစေချင်နေတော့သည်။

ဖေးဖေးသည် စွမ်းအင်လျှော့ထားသည့် အခြေအနေဖြစ်သော်လည်း ကမ္ဘာကွန်ရက်ကို အလွန် အလွယ်တကူ ဟက်နိုင်ခဲ့၏။ သူသည် အလွန်စွမ်းအားကြီးသည့်စနစ်တစ်ခုဖြစ်ရာ ကမ္ဘာပေါ်က အင်တာနက် ကွန်ရက်နှင့်ဆိုင်သည့် အသိပညာအားလုံးကို မြန်မြန်ဆန်ဆန်ပင် စုစည်းလိုက်ပြီး အုပ်စုခွဲကာ ကုချင်းယွီရှေ့က ကွန်ပျူတာဆီသို့ အချက်အလက်များကို ပို့ပေးလိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now