အပိုင်း (၉၂) ကျွန်မဘာလိုချင်လဲ ရှင်သိပါတယ်

1.2K 147 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၉၂) ကျွန်မဘာလိုချင်လဲ ရှင်သိပါတယ်

ဂျူနီယာညီမလေးတဲ့...

မုရွှမ်ချင်သည် စိတ်လှုပ်ရှားသွားပြီး သူ့ရှေ့က ကြည်လင်သန့်ရှင်းပြီး တောက်ပနေသည့် မျက်လုံးပိုင်ရှင် ကောင်မလေးကို ကြည့်လိုက်လေသည။

အခု သူတို့ကြားမှာ....

ဆက်ဆံရေးတစ်ခု ရှိသွားပြီ။

ဂျူနီယာညီမလေးတဲ့....

သူတို့ကြားမှာ အစ်ကိုနဲ့ ညီမလေး ဆက်ဆံရေးတစ်ခု ရှိသွားပြီ။

သူသည် ငုံ့ကြည့်ကာ မေးလိုက်၏။

“ ဂျူနီယာညီမလေးက ဘာလိုချင်တာလဲ”

ကုချင်းယွီ၏မျက်လုံးများ တောက်ပသွားတော့သည်။

“ ကျွန်မ ဘာပဲလိုချင်လိုချင် စီနီယာအစ်ကိုက... ပေးမှာလား”

သူမ၏အသံသည် နူးညံ့ချိုသာပြီး ‘စီနီယာအစ်ကို’ဟု ခေါ်လိုက်ချိန်၌ အသံကို တမင်ဆွဲဆန့်ကာ အဆုံးသတ် လေသံကာ ချွဲပစ်နေကာ သူ့နှလုံးသားကြိုးကို တီးခတ်နေသယောင် အသဲယားသွားပြီး သူမကို တစ်ခုခု လုပ်ပစ်ချင်သလို ခံစားလိုက်ရတော့သည်။

သူသည် စိတ်လှုပ်ရှားနေသော်လည်း တည်တည်ငြိမ်ဖြင့် ပြောလိုက်လေသည်။

“ မင်း ဘာလိုချင်လဲဆိုတာ အပေါ်မူတည်တာပေါ့”

ကုချင်းယွီက သူ့အား စိုက်ကြည့်လိုက်ပြီးနောက် အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

“ ကျွန်မ ဘာလိုချင်လဲဆိုတာ ရှင်သိပါတယ်နော်”

သူမ လိုချင်တာက...

သူ့...

သွေးလေ...

ထိုပူလောင်သည့်မျက်လုံးများဖြင့် ကြည့်ခံလိုက်ရပြီးနောက် မုရွှမ်ချင်မှာ သူ့နားများ ပူတက်လာသည်ကို ခံစားလိုက်ရတော့သည်။ သူသည် အကြည့်လွှဲကာ ပြောလတ်စ စကားကို ရပ်လိုက်တော့သည်။

ပိုင်ရှို့ချီ၏မျက်လုံးထဲ စိတ်ဝင်စားမှုသည် စူးရှလာပြီး သူတို့နှစ်ယောက်ကို ကြည့်နေလိုက်၏။ ကလေးဘဝကတည်းက မုရွှမ်ချင် ဒီလိုဖြစ်နေတာ တစ်ခါမှ မမြင်ဘူးလေ။ သူ့တပည့်အသစ်လေးက သူ့အကြီးဆုံးတပည့်လေးကို ဖြုတ်ချဖို့ မခက်ခဲတဲ့ပုံပါလား။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now