အပိုင်း (၄၂) သူတို့သဘောမတူလဲ ကိုယ် ညီမကိုပဲလက်ထပ်မှာ

1.8K 190 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၄၂) သူတို့သဘောမတူလဲ ကိုယ် ညီမကိုပဲလက်ထပ်မှာ

တွမ့်ရှင်းယွမ်သည် သူ့ကိုယ်သူ အကောင်းတကာ့အကောင်းဆုံးဟု သတ်မှတ်ထားပြီး ငယ်စဥ်ကတည်းက ထိပ်ဆုံးတွင် ရောက်နေသော သူလိုလူအတွက် အမှန်ပင် သူသည် အကောင်းဆုံးကိုသာ ပိုင်ဆိုင်ရမည်။ အချစ်ရေးဖြစ်စေ အလုပ်အကိုင်ဖြစ်စေ သူသည် အနိုင်ရသူသာ ဖြစ်ရမည်။

သူသည် သူ့ရှေ့က ကုချင်းယွီကို ကြည့်ရင်း သူမ ငြင်းလိမ့်မည်ဟု လုံးဝ သံသယမဖြစ်ချေ။

သူမက သူ့ကို ချစ်တာ သူသိတယ်လေ။

ဒီကမ္ဘာက ၉၉ရာခိုင်နှုန်းသောမိန်းမတွေက သူ့ရဲ့အစွမ်းကုန် စိတ်ကူးယဥ်ဆန်တဲ့ ပိုးပန်းတာကိုတော့ တောင့်ခံနိုင်မှာ မဟုတ်လေဘူး။ ပြီးတော့ ကုချင်းယွီ ဘာပဲလိုလို သူက အရင်ဆုံး ခြေတစ်လှမ်းဦးအောင် သူမဆီ ယူလာပေးနိုင်တယ်လေ။

လူတွေအများကြီး သူမနောက် လိုက်ခဲ့တာပဲ။ ဒါပေမဲ့ သူမကို အရူးအမူးစွဲလမ်းအောင် လုပ်နိုင်ခဲ့တဲ့သူက သူတစ်ယောက်ပဲ ရှိတာပဲလေ။

ကုချင်းယွီသည် သူဘာစဥ်းစားနေသည်ကို သိကောင်းသိပေလိမ့်မည်။ သူမသည် နိုင်တော့မည့်ဟန် တွေးဆနေသည့် ရှေ့ကယောက်ျားကို ကြည့်နေလိုက်သည်။

ငါလေး သူ့ကို အခုနေ ငြင်းလိုက်လို့တော့ရတယ်။ ဒါပေမဲ့ သူ့ကို ထပ်ပြီးနာကျင်အောင် လုပ်လို့ရတော့မှာ မဟုတ်ဘူး။

ပြီးတော့ ငါလေး အခုနေငြင်းလိုက်ရင် ဒါက မိန်းမတစ်ယောက်ရဲ့ အဓိပ္ပာယ်မရှိ တဇွတ်ထိုးလုပ်တဲ့အကျင့်လို့ပဲ သူထင်သွားမှာ။ ငါလေးက သူ့ကို မချစ်လို့ ငြင်းနေတာလို့ သူထင်မှာ မဟုတ်လေဘူး။

ဘာလို့လဲဆိုတော့ ဒီယောက်ျားမှာ သူ့ကိုယ်သူ အတ္တဝါဒီစွဲတဲ့ယုံကြည်မှုတွေ အရမ်းများနေတာမလို့လေ။

အတန်ကြာအောင် ငြိမ်သက်နေလိုက်ပြီးနောက် သူမသည် လက်ကိုဆန့်ထုတ်လိုက်ကာ နီရဲနေသည့် မျက်လုံးများနှင့် သူ့ကို ကြည့်လိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now