အပိုင်း ( ၁၇၀) စံချိန်ချိုးခြင်း

399 62 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၇၀) စံချိန်ချိုးခြင်း

ရုံးပိတ်ရက်အပြီးတွင် [ မင်းသမီးလေးအန်းအန်း]၏ ရုံတင်ဝင်ငွေသည့် ၁၈သန်းမှ သန်း၃၀အထိ ပြန်တက်လာသော်လည်း [ကြယ်တာရာ] ကတော့ဖြင့် သန်း၂၀၀ ကျော်သွားပြီဖြစ်သည်။

ထို့အပြင် တစ်ပတ်ကြာပြီးနောက်  [ကြယ်တာရာ]သည် နိုင်ငံအတွင်းက   animeရုပ်ရှင်များကို ရုံတင်ဝင်ငွေ စံချိန်ချိုးကာ သန်း၁ထောင်အထိ ရောက်သွားပြီး ထိုအရှိန်က ဆက်မြင့်တက်နေလေသည်။

[ကြယ်တာရာ] ကို တစ်လနီးပါးလောက် ရုံတင်ခဲ့ရပြီး ရုံတင်ဝင်ငွေများ မကြုံစဖူး သန်း ၂.၄ ထောင် ရသွားက နောက်ဆုံးတွင် နိုင်ငံ၏animeရုပ်ရှင်၏ နတ်ဘုရားတစ်ပါး ဖြစ်လာတော့သည်။ ကျွမ်းစစ်ရိ၏ကုမ္ပဏီနှင့် ဖေးဖေးစတူဒီယိုသည် အားပါးတရ အမွှမ်းတင်ခံလိုက်ရပြီး  animeလောကတွင် နာမည်ကြီးလာကာ ကုမ္ပဏီများကလည်း ကျွမ်းစစ်ရိနှင့် လက်တွဲရန် သူ့ကုမ္ပဏီကို ဆက်သွယ်ချင်ခဲ့ကြလေသည်။ အထူးသဖြင့် [ကြယ်တာရာ]၏ အထူးပြုလုပ်ချက်အဖွဲ့နှင့် လက်တွဲချင်ခြင်းပင်။ သို့သော် ဖေးဖေးစတူဒီယိုသည် အလွန်လျှို့ဝက်ပြီး ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံမရှိသလို ဘယ်စုံစမ်းမှုကိုမှ အကြောင်းမပြန်ဘဲ K Studioမှလည်း တိုက်ရိုက် ဆက်သွယ်လို့ရချေ။ သည်လူများသည် မတတ်သာတော့ဘဲ ကျွမ်းစစ်ရိထံ ရောက်လာကြရတော့သည်။

ကုချင်းယွီ၏ စတူဒီယိုက အံ့ဩစရာကောင်းလောက်အောင် တခြားကုမ္ပဏီများနှင့် လက်တွဲမည့် အခွင့်အရေးကို မယူခဲ့ဘဲ ကျွမ်းစစ်ရိ၏ နောက်ရုပ်ရှင်တွင် သူနှင့်အတူလုပ်ရန် နှုတ်အားဖြင့် သဘောတူလိုက်သည်ကို သိလိုက်ရတော့သည်။

သို့သော် သူမ၏ နောက်ရုပ်ရှင်မထုတ်မီ အချိန်တစ်ခု ယူရအုံးမည်ကို သိလိုက်လေသည်။ လက်ရှိanime ရုပ်ရှင်က သူ့လင်းရီanimationကို နိုင်ငံအတွင်းက နာမည်အကြီးဆုံး anime ကုမ္ပဏီတစ်ခု ဖြစ်အောင် လုပ်ပေးခဲ့ပြီးဖြစ်ရာ သူကလည်း အလျင်မလိုချေ။

အမှန်တွင်တော့ ကျွမ်စစ်ရိသည် ဖေးဖေးစတူဒီယို၏ အထူးပြုလုပ်ချက်အသင်းနှင့် အလုပ်လုပ်ချင်ခဲ့သော်လည်း ကုချင်းယွီက ကောင်းကောင်းဖုံးကွယ်ထားကာ ပူးပေါင်းဖို့ ရည်ရွယ်ချက်မရှိသည်ကလည်း ပုံမှန်ပင်။ ဤမျှကောင်းမွန်သည့်အသင်းတစ်ခု ရှိနေရာ ကုမ္ပဏီက တခြားသူများ လုမယူသွားစေရန် လက်ထဲတွင် သေချာဆုပ်ကိုင်ထားချင်ပေလိမ့်မည်။ ထို့ကြောင့် အဖွဲ့ကို လူမမြင်ခံသည်ကလည်း ပုံမှန်ပင်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now