အပိုင်း (၈၇) ကြည်နူးစရာလက်ဆောင်

1.4K 182 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၈၇) ကြည်နူးစရာလက်ဆောင်

ပိုင်ရှို့ချီသည် ထို ပန်းချီဆရာမလေးအတွက် အမှန်ပင် စိတ်မကောင်းဖြစ်သွားတော့သည်။ သည်ပန်းချီကားကို ကြည့်လိုက်သည်နှင့် သူမသည် အလွန်အရည်အချင်းရှိပြီး အချို့အရည်အချင်းများကို တိုးတက်အောင်လုပ်ဖို့ရန် နေရာလည်း ရှိသေးသည်။ ပန်းချီတစ်ခုထဲတွင် တချို့အရည်အချင်း၊ လောကအမြင်နှင့် စိတ်ခံစားချက်တို့ကို ဖော်ပြထားသည်က ကျွမ်းကျင်မှုထက် ပိုအရေးကြီးလေသည်။

ဒါကြောင့်လည်း မဒမ်မုက သူ့အား အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တစ်ခါတရံမှသာ ညွှန်ကြားပြသပေးဖို့ သဘောတူလိုက်ပြီး မုအိုက်ကို သူတပည့်အဖြစ် လက်မခံခဲ့ခြင်း ဖြစ်လေသည်။

သို့သော် သည်အခိုက်အတန့်တွင် ကုချင်းယွီ၏ပန်းချီကားများကို မြင်လိုက်ရာ မုရွှမ်ချင်ကို တွေ့စ,က ခံစားချက်မျိုး တစ်နည်းနည်းဖြင့်ခံစားလိုက်ရပြီး အလွန်စိတ်လှုပ်ရှားသွားရာ သူ့သွေးများပင် ဆူပွက်လာတော့သည်။

သူ့ဘဝတွင် မုရွှမ်ချင်မှလွဲလျှင် တပည့်တစ်ယောက်သာ ရှိပြီး သူသည်လည်း ဒီလောကတွင် အတန်သင့်အောင်မြင် နေပြီဖြစ်၏။

သို့သော် သည်တပည့်လေးသည် မုရွှမ်ချင်လောက် ပါရမီမပါပေ။ သူ့အမြင်တွင်တော့ သူသည် လုံ့လဝီရိယ ရှိရုံသာ။

ပိုင်ရှို့ချီသည် နောက်တပည့်တစ်ယောက်ကို အမြဲလိုချင်ခဲ့ပြီး မုမိသားစုက မိန်းကလေး မုအိုက်ကို စဥ်းစားခဲ့ဖူးသည်။ သူမသည် အနည်းဆုံးတော့ သူ့နှမြောသတဖြစ်ရသည့် အအောင်မြင်ဆုံးတပည့်၏တူမ ဖြစ်သည်။ သူမတွင် ထူးထူးခြားခြား ပါရမီ မပါသော်လည်း အရည်အချင်းကောင်းများ ရှိပြီး ပန်းချီကားအသစ်တစ်ချပ်နှင့် အပတ်တိုင်းနီးမှာ ဝီရိယရှိရှိ ရောက်လာတတ်သည်။ သူ့လမ်းညွှန်မှုအောက်တွင် သူမ၏ပန်းချီကားများသည် တစ်ချိန်ထပ်တစ်ချိန် အမှန်ပင်တိုးတက်လာခဲ့သည်။

သူမသည် သူ့ဒုတိယတပည့်လေးထက် မနိမ့်ပေ။ ပိုင်ရှို့ချီသည် အသက်ကြီးလာသည်နှင့်အမျှ နောက်ထပ် မုရွှမ်ချင်တစ်ယောက်ကို ထပ်တွေ့ရလိမ့်မည်မဟုတ်ဟုသာ ထင်ထားခဲ့လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now