အပိုင်း (၁၀၄) သူမ မပိုင်ဆိုင်နိုင်ခဲ့တဲ့သူက အခုတော့ ...

1.1K 136 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၀၄) သူမ မပိုင်ဆိုင်နိုင်ခဲ့တဲ့သူက အခုတော့ ...

သို့သော် သူ့ကို တုံ့ပြန်လာသည့်က ကုချင်းယွီ၏အေးစက်စက် ခွဲခန်းသုံးဓားငယ်လေးတစ်လက်သာ။

တည်ငြိမ်အေးဆေးသည့် ဆရာဝန်တစ်ယာက်နှယ် သူမသည် သူ့ကို လူနာတစ်ယောက်လို သူ့ခန္ဓာကိုယ်ကို ခွဲစိတ် သွေးချင်းချင်းနီနေသည့် သူ့နှလုံးသားကို ဆွဲထုတ်ကာ သည်နေရာတွင် တစ်ခုခုမှားနေသည်ဟု ပြောနေသလိုပင်။

သူမသည် အလွန်ရက်စက်လွန်းရကား သူ့မှာ အသက် မရှူနိုင်တော့လောက်အောင်ပင်။

တွမ့်ရှင်းယွမ်သည် နေထိုင်လာသည့် အနှစ် ၂၀လုံးတွင် အမြဲလိုလို တက်ကြွပြီး အောင်မြင်ခဲ့သည်ချည်းသာ။ ဤသို့ တခါမှ မဆုံးရှုံးခဲ့ဖူးသလို ဝမ်းနည်းစရာလည်း မကြုံခဲ့ဖူးချေ။ ပထမဆုံးအကြိမ်အနေဖြင့် သည်လောကတွင် သူထိန်းချုပ်လို့မရနိုင်သည့်အရာ ရှိသေးကြောင်း သိလိုက်ရတော့သည်။ သူ့ဆန္ဒအတိုင်း ကုချင်းယွီကို လက်မထပ်နိုင်ခဲ့သလို သူမကို တခြားယောက်ျား၏ လက်မောင်းပေါ်တွင် ခိုနားခြင်းမှလည်း မတားဆီးနိုင်ခဲ့ချေ။

သူသည် လက်ထဲတွင် ဝိုင်ပုလင်းကိုင်ကာ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ အသဲကွဲနေပြီး ညမြင်ကွင်းကို ကြည့်ရင်းက မျက်ရည်များ စီးကျလာတော့သည်...

မှတ်မိသလောက်  သူသည် ဘာကို လုပ်ခဲ့သည်ဖြစ်စေ မျက်ရည်တစ်စက်ပင် တခါမှ မကျခဲ့ဖူးချေ။ သူသည် ပြုံးနေသူသာ ဖြစ်ခဲ့သည်။ သို့သော် သည်အခိုက်တန့်တွင်တော့ သူသည် ကုချင်းယွီကို ဆုံးရှုံးခဲ့ရလသည်။

သူ့နှလုံးသားသည် အစိတ်စိတ် အမြွှာမြွှာ ဆွဲဆုတ်ခံလိုက်ရပြီး ချစ်သူကို ဆုံးရှုံးလိုက်ရသည့် ခံစားချက် အရသာကို ခံစားလိုက်ရတောသည်။

ရုတ်တရက်ဆိုသလို သူမကို နားလည်မှုလွဲကာ သူမကို တွမ့်ကုမ္ပဏီက ဆွဲထုတ်ခဲ့သည့်နေ့ကို စဥ်းစားမိလိုက်တော့သည်။ သူမလည်း သည်လိုပဲ ခံစားခဲ့ရတာပါလား။

နာကျင်မှုထဲတွင် နစ်မြှုပ်နေသည့် တွမ့်ရှင်းယွမ်သည် သူ့ကိုယ်ပိုင်အခန်းရှေ့တွင် ရပ်နေသည့် သူ့သတိုးသမီးလောင်း  မုအိုက်ကို သတိမထားမိခဲ့ချေ...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now