အပိုင်း (၁၂၄) နောက်ကလိုက်ခံနေရတယ်

807 96 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၂၄) နောက်ကလိုက်ခံနေရတယ်

“ အာ... ၁၀မိနစ်ပဲနော် ဘာလို့ ရုပ်ရှင်တစ်ခု ကြည့်ခဲ့ရသလို ခံစားနေရတာလဲ”

“ ငါတော့ အဲလိုမခံစားရဘူး၊ ဘာလို့ ၁၀မိနစ်ပဲ ရှိတာလဲ၊ ၂မိနစ်ထဲနဲ့ ပြီးသွားတယ်လို့ကို ခံစားနေရတာ၊ နောက်ထပ် ၂နာရီလောက် ကြည့်နိုင်သေးတယ်”

“ အစကတော့ ရှာဖွေမှုအများဆုံး ကုမ္ပဏီတွေကနေ ကလေးanimeကို ဝယ်ပြီး မားကတ်မှာ တင်ထားတာလို့ ထင်နေတာ၊ ဒါပေမဲ့ အခုတော့ တကယ် အထင်ကြီးစရာပဲ... အရမ်းကောင်းတယ်”

“ဖေးဖေး စတူဒီယိုက.. ကုမ္ပဏီအသစ်နဲ့တူတယ်၊ ထုတ်လုပ်ရေးတစ်ခုပဲ ရှိတယ်နော်....”

“ နောက် အပိုင်းသစ်များ ရှိသေးလားမသိဘူး၊ ကြည့်လို့မဝဘူး”

....

ကုချင်းယွီသည် စိတ်ကျေနပ်ကာ ခေါင်းတညိတ်ညိတ်ဖြင့် တုံ့ပြန်မှုများကို ကြည့်နေလေသည်။ ကောင်းလိုက်တာ။ ကြည့်ရတာ လူတွေက ငါလေးရဲ့ စမ်းသပ်ထားတဲ့ဟာကို ကြုက်ကြတဲ့ပုံပဲ။ ငါလေးရဲ့ကိုယ်ပိုင် animeရုပ်ရှင် ဖန်တီးဖို့ ယုံကြည်ချက်ရသွားပြီ။

K Station၏ စီစစ်ရေးအဖွဲ့ကို နှိပ်ကြည့်လိုက်ချိန်တွင် stationမှ အီးမေးလ် တစ်စောင့်ရောက်နေပြီး သူတို့နှင့် စာချုပ်ချုပ်ရန် ဖိတ်ထားခြင်းဖြစ်သည်။

ကုချင်းယွီ အံ့ဩသွားတော့သည်။ အကြောင်းမှာ K Stationသည် မူရင်းအကြောင်းများကိုသာ ထုတ်ဝေသည့် မူရင်းဗီဒီယိုဆိုက်တစ်ခုဖြစ်ပြီး ပြန်လည်ထုတ်ဝေသူ မဟုတ်သောကြောင့်ပင်။

သူတို့သည် သူတို့၏လက်ရာများကိုသာ တင်ဖို့လိုပြီး သတ်မှတ်ထားသည့် ကြည့်ရှုသူပမာဏတစ်ခု ရောက်လျှင် ကြေညာခလက်ခံရရှိလိမ့်မည်။

သည်အကြောင်းကြောင့်ပင် K Stationက uploader များကြားတွင် နာမည်ကြီးရခြင်းဖြစ်သည်။ K Stationတွင် uploaderများစွာရှိသော်လည်း သူတို့ထဲက အနည်းငယ်ကသာ stationနှင့် စာချုပ်ချုပ်နိုင်လေသည်။ အကြောင်းမှာ သူတို့တင်လိုက်သည့် ဗီဒီယို၏အရည်အသွေးက မြင့်လေ့ရှိပြီး ကြည့်ရှုသူများမှာလည်း များသောကြောင့် သည်uploaderများကို ထိန်းသိမ်းထားရန် ကုမ္ပဏီက သူတို့နှင့် စာချုပ်ချုပ်ပြီး သူတို့၏ဗီဒီယိုများကို ထောက်ခံပေးမည်ဟု ကတိပေးကာ ကြေညာခရှယ်ယာကြီးတစ်ခုကိုလည်း ပေးလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now