အပိုင်း ( ၂၇) သခင်က ဘာလို့ အဲဒီပူညံပူညံကမ္ဘာပေါ်က မိန်းမလို လိုက်တုနေတာလဲ

2.2K 226 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၂၇) သခင်က ဘာလို့ အဲဒီပူညံပူညံကမ္ဘာပေါ်က မိန်းမလို လိုက်တုနေတာလဲ

သူသည် သူမအတွက် တူဖြင့် အသီးအရွက်ကို ညင်ညင်သာသာ ယူထည့်ပေးလိုက်သည်။

“ ချင်းယွီ သမီး အိမ်မှာပဲ နေပြီး ရက်နည်းနည်းလောက် နားလိုက်အုံး၊ သမီးကို ဘယ်သူမှ လုံးဝမနှောင့်ယှက်စေရဘူးလို့ အဖေကတိပေးတယ်... ရှင်းယွမ်ကိုတော့ သူ့စိတ်ရင်းကို ကြည့်ပြီး သမီး စိတ်ကြည်သွားရင် သမီးဆီ အိမ်ကို အလည်လာခိုင်းလိုက်ပေါ့”

သူသည် ချစ်တတ်သည့်အဖေတစ်ယောက်နှင့် တူနေသော်လည်း ကုချင်းယွီသည် အန်ထွက်မတတ် အလွန်ရွံရှာနေတော့သည်။

ကုဝမ်ချန်သည် သူမအား ယောက်ျားဖမ်းနည်းကို သင်ပေးနေပြီး သို့မှသာ တွမ့်ရှင်းယွမ်ကို သူမ၏လက်ထဲတွင် ဖမ်းဆုပ်ထားနိုင်ပေမည်။

သူမသည် ခေါင်းငုံ့ကာ ပြုံးလိုက်ပြီး

“ သမီး နာလည်ပါပြီ ကျေးဇူးတင်ပါတယ် အဖေ”

စားသောက်ပြီးနောက် ကုဝမ်ချန်သည် ‘ချစ်တတ်သည့်အဖေ’တစ်ယောက်ပုံရိပ်ကို အပြည့်အဝ ပေးလိုက်ပြီး သူမကို အပေါ်ထပ်သို့ ကိုယ်တိုင်လိုက်ပို့ပေးလေသည်။ သို့သော် ကုမိသားစုတွင် ဓာတ်လေကားတစ်ခုရှိရာ သူသည် သူမကို ဓာတ်လှေကားထဲသို့သာ တွန်းပေးလိုက်ပြီ သူမ၏အခန်း ဆီသို့ တွန်းပို့ပေးလိုက်လေရာ လုံးဝ အားမစိုက်ထုတ်လိုက်ရချေ။

သူမ၏ နူးညံ့သိမ်မွေ့ကာ နာခံတတ်သည့်အသွင်သည် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် အောင်အောင်မြင်မြင် ရှိနေသည်ဟု ထင်နေသည့် ကုဝမ်ချန်ကို လှည့်စားနိုင်ခဲ့သဖြင့် သူသည် စိတ်ချမ်းသာစွာ ထွက်သွားတော့သည်။

“သခင်ဘာလို့ အဲဒီပူညံပူညံကမ္ဘာပေါ်ကမိန်းမကိုလိုက်တုနေတာလဲ”

ဖေးဖေးက ထွက်လာပြီး သူ့အသံထဲတွင် သံသယရိပ်တစ်ခု ပါနေလေသည်။

သူ့သခင်က ဒီလိုအကျင့်မျိုးမရှိဘူးလေ။ သူ့သခင်က စစ်မြေပြင်မှာဆို ပြိုင်ဘက်ကင်းစစ်နတ်ဘုရားမပဲ။ ဒါကြောင့် မြင်ရတာ တကယ်ပဲ နည်းနည်းတော့ အဆင်မပြေလေဘူး။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now