အပိုင်း (၁၁၁) သူမ ဘယ်တော့မှ ဝန်မခံနိုင်ဘူး

1K 139 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၁၁) သူမ ဘယ်တော့မှ ဝန်မခံနိုင်ဘူး

“ချင်းယွီ... ချင်းယွီ ငါတို့တွေ အပြင်မှာ ပြောလို့ရမလားဟင် ကျေးဇူးပြုပြီးတော့.....”

ကုချင်းယွီက မျက်မှောင်ကျုံ့လိုက်လေသည်။ လင်ရှောင်ရိက သူမကို အသနားခံနေခြင်းကြောင့် မဟုတ်ဘဲ သူမက အလွန်စိတ်လှုပ်ရှားပြီး သူမလက်ကို ဖိညစ်ထားရာ သူမ၏ခန္ဓာကိုယ်မှာ လုံးဝအထိခိုက် မခံသည့်အတွက် နာကျင်မှုတစ်ခုကို ခံစားလိုက်ရတော့သည်။ သူမ၏လက်မှာ ကျိုးကြေတော့ မတတ်ပင်။

“ ငါသိပြီ၊ အရင်လွှတ်....”

ကုချင်းယွီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သော်လည်း  လင်ရှောင်ရိမှာ ကိစ္စများ ပေါ်ပေါက်သွားမည်စိုးသဖြင့် ကုချင်းယွီ၏စကားကို နားမထောင်ဘဲ စိုးရိမ်တကြီး ထပ်ပြောလိုက်တော့သည်။

“ ဟင့်အင်း မလွှတ်ဘူး... ချင်းယွီ ငါ ဒီအတိုင်း ခဏလောက် ယူလာတာပါ၊ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါနော်....”

သူမ ပို၍ တင်းနေအောင် ကိုင်ထားလိုက်လေသည်။

ကုချင်းယွီ၏မျက်နှာသည် အနည်းငယ်ဖြူဆုတ်သွားပြီး နာကျင်မှုကို သည်းမခံနိုင်တော့ချေ။ သူမ တစ်ခုခု ဖြစ်နေသည်ကို မြင်လိုက်သည့် ရှောက်ဇီဟန်က အလောတကြီး ပြေးဝင်လာပြီး လင်ရှောင်ရိ၏လက်ကို ဖမ်းဆွဲလိုက်တော့သည်။

“ လင်ရှောင်ရိ သူမကို အရင်လွှတ်ပေးလိုက်”

“ ရှောက်ဇီဟန်....”

လင်ရှောင်ရိသည် စိတ်ဓာတ်ကျနေပြီးဖြစ်ရာ သူမ ကျိတ်ချစ်နေရသည့် ကောင်လေးကလည်း ရှေ့ထွက်လာပြီး သူမကို စိန်းစိန်းကားကား ကြည့်နေပြီး သူမ၏လက်ကို ဆွဲဖယ်ကာ ကုချင်းယွီအား ပေးမထိသည်ကို မြင်လိုက်ရသည့်အခါ သူမ၏စိတ်တို့သည် ပျက်ပြားသွားပြီး လွှတ်ပေးရမည့်အစား ပိုတင်းနေအောင် ဆုပ်ထားမိလိုက်လေသည်။

ကုချင်းယွီ၏မျက်လုံးများသည် နာကျင်မှုကြောင့် နီရဲလာသည်ကို  ကျောင်းအုပ်ကြီးနှင့် ရဲများက တွေ့လိုက်သဖြင့် ရှေ့တိုးလာပြီး

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now