အပိုင်း ( ၃၈) မင်းငါကို ဘယ်လို ကျေးဇူးဆပ်မှာလဲ

1.9K 206 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၃၈) မင်းငါကို ဘယ်လို ကျေးဇူးဆပ်မှာလဲ

“ကောင်းပါပြီ”

မစ္စကုက ပြောလိုက်ပြီး

“ ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုစရာတစ်ခုရှိတယ်....”

မျက်လုံးများ နီရဲကာ သူမ ပြောလိုက်လေသည်။

“ ရှင် ချင်းချန်ကို ချန်အန်းကော်နဲ့ လက်မထပ်ပေးရဘူး၊ ချင်းချန် လက်ထပ်ချင်တဲ့သူက သူမသဘောတူတဲ့သူပဲ ဖြစ်ရမယ်”

ကုဝမ်ချန်သည် အေးစက်စွာ ရယ်မောလိုက်လေသည်။

“ ဒီလို ကိစ္စတွေ လုပ်ပြီးသွားမှတော့ ချန်းအန်းကော်ကရော သူ့ကို လက်ထပ်ချင်အုံးမယ် ထင်လို့လား”

ချန်အန်းကော်သည် အသက်ကြီးပြီဖြစ်သော်လည်း သူသည် အင်မတန်ချမ်းသာပြီး သူ့ဘေးတွင် မိန်းမလှများ မရှားပေ။ သူသည် ကုချင်းချန်ကို ထိုမျှလောက် စိတ်မဝင်စားဘဲ သူလိုချင်သူမှာ ကုချင်းယွီသာ ဖြစ်လေသည်။

ဒီတစ်ခေါက် ချင်းချန်လုပ်ရပ်ကို အားလုံးသိသွားကြမှာပဲ။ ချန်အန်းကော်က ကုချင်းချန်ကို လက်ထပ်ဖို့ သဘောတူတယ်ဆိုတာကလည်း သူမက ငယ်ရွယ်ပြီးလှတယ်၊ ပြီးတော့ ကုမိသားစုရဲ့ ဒုတိယသခင်မလေး ဖြစ်နေတဲ့ တစ်ချက်ကြောင့်ပဲလေ။ ဒီတော့ သူမကို လက်ထပ်တာက သူနဲ့ အပြင်မှာ ကစားခဲ့တဲ့ အဲဒီအလိမ်ကကျစ်မိန်းမတွေကို လက်ထပ်တာထက် ပိုကောင်းတယ်လေ၊ ပြီးတော့ နှစ်ယောက်သားကလည်း သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု ကို ထိန်းထားနိုင်တာပေါ့...

အခုတော့ ကုချင်းချန်က တစ်နိုင်ငံလုံးရဲ့ရယ်စရာကုန်ကြမ်းတစ်ခု ဖြစ်သွားပြီး အပြစ်သားတစ်ယောက် ဖြစ်သွားတာဆိုတော့ ကုကုမ္ပဏီတောင် ထိခိုက်နေတာ သူက ဘယ်လိုလုပ်ပြီး သူမကို လက်ထပ်ချင်အုံးမှာလဲ။ သူတို့ရဲ့ ရှိပြီးသားဆက်ဆံရေးကို ထိန်းထားနိုင်သေးရင်တောင် တော်သေးတယ်။

မစ္စကု၏မျက်နှာ ပြောင်းလဲသွားလေသည်။

“... ဒါဆို ကောင်းပြီလေ”

ကုဝမ်ချန်သည် စာချုပ်ကို မြန်မြန် ပြင်ဆင်လိုက်လေသည်။ မစ္စကုသည် အံကြိတ်ထားသော်လည်း လက်မှတ်ထိုးလိုက်၏။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now