အပိုင်း (၁၇၅) ကိုယ့်ကို ကုသပေးပါ

510 55 0
                                    

အပိုင်း (၁၇၅) ကိုယ့်ကို ကုသပေးပါ

“ဒါဆိုရင် ရှင့်ကို ဘယ်လို စောင့်ရှောက်စေချင်တာလဲ”

သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားရင်း သူ့ကိုကြည့်လိုက်လေသည်။

“တခြားစောင့်ရှောက်မဲ့နည်းလမ်းတွေက ကိုယ့်အတွက် အသုံးမတည့်ဘူး၊ ကိုယ်က လူနာ မဟုတ်ဘူးလေ”

ဒီတော့ တဘတ်လည်း မလိုဘူး ဘာမှမလိုဘဲနဲ့ သူ လိုတဲ့ တစ်ခုတည်းသောအရာ ငါလေးပဲပေါ့။

“ ကိုယ့်ကို ကူညီပါ...”

သူသည့် မျက်လုံးများ တဖျတ်ဖျတ်တောက်လျက် သူမကိုကြည့်ရင်း ပြုံးလိုက်လေသည်။

“ ကိုယ့်ကို ကုသပေးပါ”

သူ့အသံမှာ ခြောက်ကပ်နေ၏။

“ ရှင့်ကို ကုပေးရမယ် ဟုတ်လား”

ကုချင်းယွီသည် ဇဝေဇဝါဖြစ်သွားတော့သည်.

“ ရှင် အခုလေးတင်ပဲ ဒဏ်ရာမရဘူးလို့ ပြောလိုက်တယ်မလား”

“ အင်း ကိုယ် ဒဏ်ရာမရဘူး... ဒါပေမဲ့ နေမကောင်းဘူး၊ ကိုယ်နေမကောင်းဘူး ၊ မင်းတစ်ယောက်ပဲ ကိုယ့်ကို ကုသပေးနိုင်မှာ”

သူသည် သူမကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏အကြည့်အောက်တွင် သူ့လက်ကို ဆန့်လိုက်ကာ တွေဝေမနေဘဲ သူ့ကြယ်သီးကို ဆွဲဖြုတ်လိုက်လေသည်။ သူသည် အလွန် နေမကောင်းဖြစ်ရာ အဆင်မပြေဖြစ်နေသည်မှာ ထင်ရှားသော်လည်း သူသည် ထိုအမူအရာကို ကျက်သရေရှိရှိ လုပ်သွားလေသည်။

ကုချင်းယွီသည် သူက အင်္ကျီကြယ်သီးများကို ဖြုတ်ကာ အသည်းယားစရာ သူ့လည်ပင်းကို လှစ်ပြနေသည်ကို ကြည့်ရင်းမှာ တဖြည်းဖြည်း ဆွဲဆောင်မှုရှိလှသည့် သူ့ညှပ်ရိုးဆီသို့ ဆင်းသွားတော့သည်...

မုရွှမ်ချင်၏ မျက်လုံးများသည် လင်းလက်သွားပြီးနောက် သူ၏လှပသည့်လက်က ရပ်တန့်သွားလေသည်။

တောင့်တင်းသွားကာ သူမ၏မျက်လုံးများက ‘ဘာလို့ ဆက်ချွတ်တော့တာလဲ’ ဟုသူ့အား တောင်းဆိုနေသည့်နှယ် သူမသည် သူ့ကို မော့ကြည့်လိုက်၏။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now