အပိုင်း (၁၄၄) တွမ့်ရှင်းယွမ် စေ့စပ်ခြင်း

790 98 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၄၄) တွမ့်ရှင်းယွမ် စေ့စပ်ခြင်း

တစ်စုံတစ်ယောက်က သူ့ထံမှာ ဘာမှအလိုမရှိဘဲ သူ့တွင် ရှိသမျှအားလုံးကို သူ့အားပေးချင်ဟု ဆိုခြင်းသည် ပထမဆုံးအကြိမ် ဖြစ်လေသည်။

“ဒါဆို ညီမကျတော့ရော ဘာလိုချင်လဲ”

သူ့စိတ်ထဲတွင် ပူလောင်နေသော်လည်း သူ့ကို အလွန်အေးဆေးသည့်ဟန်ဖြင့် ကြည့်လိုက်ပြီး အေးဆေးသက်သာသည့်ပုံစံဖြင့် အဖြေကို ဂရုမစိုက်သည့်နှယ် ထင်ရလေသည်။

“ ကျွန်မလိုချင်တာက ရှင် ကျွန်မဘေးမှာ တစ်ချိန်လုံးရှိနေဖို့ပဲ”

သူမ ပြုံးကာ ပြောလိုက်၏။

“....”

မုရွှမ်ချင်သည် သူမကို ကြည့်လိုက်ပြီး သူ့လည်ပင်းက အလုံးလေးသည် လှိမ့်တက်သွားကာ အတန်ကြာအောင် မျက်လွှာချထားပြီးမှ....

“ကောင်းပြီလေ”

အစက သူ သူမကို ရှောင်ချင်ခဲ့တာပါ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဖြစ်ပြီးသွားတော့....

သူမကို သူ့ကိစ္စထဲ ပါမလာစေချင်သလို သူမကိုလည်း မထိခိုက်စေချင်ဘူးလေ။

ဒါပေမဲ့ အခုတော့ သူ လက်မလွှတ်နိုင်တော့ဘူး။

သူက အရမ်းအင်အားကြီးတာလေ။ အင်အားကြီးလွန်းလို့ ပြိုင်ဘက်ကင်းလုနီးပါးပဲ။ သူ့ကို ဆယ်စုနှစ်တစ်ခုလောက် စောင့်ကြည့်နေကြတဲ့သူတွေက သူ့ကို ဘာမှမလုပ်နိုင်ခဲ့တဲ့သလို ငွေပမာဏအများကြီးလည်း ဆုံးရှုံးခဲ့ကြတယ်။ နောက်ပြီး အခုတလောမှ နည်းနည်းဒေါသထွက်လာပြီး သာမန်လူတွေ အများကြီးရှိတဲ့ ဒီလိုနေရာတစ်ခုမှာတောင် လှုပ်ရှားရလောက်တဲ့အထိ ဖြစ်သွားတော့တာပေါ့...

ဒါပေမဲ့ အခုတော့ သူ့ရှေ့က နူးညံ့ပျော့ပြောင်းတဲ့မိန်းကလေးက သူကို ကာကွယ်ပေးချင်တယ်လို့ ပြောလာခဲ့တယ်။

မုရွှမ်ချင်က ခပ်တိုးတိုးရယ်လိုက်ပြီး ကုချင်းယွီ၏လက်ကို ကိုင်လျက်

“ ဒါဆိုရင် ညီမ ကို့ကိုလည်း ကာကွယ်ပေးဖို့ သတိရရမယ်နော်၊ ကို့ဘေးကနေ ထွက်မသွားနဲ့”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now