အပိုင်း ( ၁၆၆) ဒါက ဆရာ ကျွန်တော့်ကို ယူလာခိုင်းတဲ့ဟာပါ

456 63 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၆၆) ဒါက ဆရာ ကျွန်တော့်ကို ယူလာခိုင်းတဲ့ဟာပါ

ဝေလင်းလင်းသည် ကုချင်းယွီနှင့် တွေ့သည်မှာ နေ့တစ်ဝက်ပင် မရှိသေးသော်လည်း သည်အချိန်တိုအတွင်း ကုချင်းယွီသည် တစ်ချိန်လုံး မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူမသည် လူများနှင့် အလွန်ခပ်ကင်းကင်း နေတတ်ပြီး ရှိနေသည့်လူများအားလုံးတွင်မှ သူမ၏ချစ်သူနှင့်သာ ဖော်ရွေသလို ခံစားမိလေသည်။

ထို့ကြောင့်ပင် သူမသည် သံသယ ပိုဖြစ်မိခဲ့သည်။

သို့သော် အခုတော့ ကုချင်းယွီ၏ ရွှန်းလဲ့နေသည့်မျက်လုံးများ နှင့် မျက်နှာတစ်ခုလုံးက ချိုသာနေသည်ကို ကြည့်ရင်း ဝေလင်းလင်းသည် စောစောက သူမထင်ထားသည့်... သူမ၏ချစ်သူကို ထူးထူးခြားခြား အလေးပေး ဆက်ဆံနေမှာ သူမ၏အတွေးလွန်ခြင်းသက်သက်သာ ဖြစ်မှန်း ရုတ်တရက် သဘောပေါက်သွားတော့သည်။

ကုချင်းယွီက သူမ၏ချစ်သူကို အဖော်တစ်ယောက်ဆိုတာထက် ရင့်ကျက်တဲ့ သူတစ်ယောက်လို မြင်တာများလား။ ဒါကြောင့် သူမက ဖော်ဖော်ရွေရွေ ရှိတာပေါ့။

အခု သူမ သူမရဲ့ချစ်သူကို ဆက်ဆံနေတဲ့ပုံကိုကြည့်ရင်....

ဟင်း ကွားခြားချက်တစ်ခုတော့ ရှိတယ်။

ပြီးတော့ ကုချင်းယွီကို ဒီလိုမိန်းမဆန်ဆန် ချွဲနွဲ့တတ်တဲ့ပုံ ဖြစ်အောင် လုပ်နိုင်တဲ့ ဖုန်းတစ်ဖက်ကလူက ဘယ်သူများပါလိမ့်နော်။ ကုချင်းယွီသည် အပြင်ပန်းတွင် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ နုဖပ်ပြီး မွေးလာကာ ချိုသာသည့်အသံတစ်ခု ပိုင်ဆိုင်ထားသော်လည်း သူမသည် အလွယ်တကူရင်းနှီးတတ်သည့် ပုံစံမျိုး အမှန်ပင် မပြတတ်သူဟု ပြောနိုင်လေသည်...

ဝေလင်းလင်းသည် ထိုသို့ စဥ်းစားလိုက်မိပြီး ကုချင်းယွီအပေါ် ထားသည့် သူမ၏ကြမ်းတမ်းမှုက ချက်ချင်းလိုပင် အခြေအနေတစ်ခုအထိ လျော့ကျသွားပြီး ကျန်နေသည့် စိုးရိမ်ပူပန်မှုတစ်ခု နှစ်ခုတို့သည် ကုချင်းယွီက သူမချစ်သူ၏မျက်နှာကို မြင်လိုက်ချိန်တွင် ဖြစ်သွားသည့် အမူအရာကို မြင်လိုက်ရပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now