အပိုင်း ( ၅၅) ဘယ်လိုပြန်လျော်ပေးရမလဲ

1.7K 226 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၅၅) ဘယ်လိုပြန်လျော်ပေးရမလဲ

“ဘယ်ကိုပို့ပေးရမလဲ”

မုရွှမ်ချင်သည် တွမ့်အိမ်တော်နားက ကားမောင်းထွက်လာသည့်နှင့်တစ်ပြိုင်နက် မေးလိုက်လေသည်။

ကုချင်းယွီသည် သူ့ခန္ဓာကိုယ်ပေါ် ချိုမြိန်သည့်ရနံ့ကို ခံစားလိုက်ရသည်နှင့် ချက်ချင်း သတိလက်လွတ် တံတွေးမျိုချမိသွားတော့သည်။

ဒီနေ့ သူ...

ဘာဒဏ်ရာမှ မရှိဘူးပေါ့နော်။

ဆိုးချက်။ ငါလေး သူ့သွေးကို မသောက်ရတော့ဘူး....

မုရွှမ်ချင်သည် ဆာလောင်နေသည့် သားရိုင်းကောင်လေးတစ်ကောင်လို သူ့ကို ငေးကြည့်နေသည့် သူမကိုသာ ငေးကြည့်နေရင်း တံတွေးမျိုချလိုက်ပြီး.....

“....”

အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် မုရွှမ်ချင်က စကားစပြောလိုက်၏။

“ မင်း မပြောရင် မင်းကို ပစ်ထားခဲ့လိုက်မယ်”

“မလုပ်ပါနဲ့”

ကုချင်းယွီသည် သူ့အား စိုးရိမ်တကြီး မော့ကြည့်လိုက်ပြီး

“ ကျွန်မက ရှင့်ကျေးဇူးရှင်လေ၊ အခု ကျွန်မမှာ နေစရာမရှိတော့ဘူး၊ ရှင် ကျွန်မကို ကူညီပေးရမယ်”

သူမက သူ့ရဲ့သွေးတွေအများကြီး သောက်ထားပြီးတာတောင်မှာ ရဲလှချည်လား....

ဒါပေမဲ့ သူ့သွေးကို သောက်ပြီးသွားတဲ့အချိန်မှာ မသေတာ သူမတစ်ယောက်ပဲရှိတယ်၊ ပြီးတော့ သူကလည်း သူမကို စိတ်ထဲကနေတောင် မထုတ်ပစ်နိုင်ဘူး....

မုရွှမ်ချင်သည် မျက်လုံးကို အောက်ချထားပြီး သူမကို တွေးတွေးဆဆ ငေးကြည့်နေလိုက်လေသည်။ ခဏကြာပြီးနောက် သူသည် လက်ကို အသာလေးဆန့်ကာ သူမ၏ဆံပင်တစ်ချောင်းကို နုတ်လိုက်လေသည်။

နောက်ကြည့်မှန်ကတဆင့် ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ချန်ရန်သည် သူ့တည်ရှိမှုကို တတ်နိုင်သမျှ ကြိုးစားလျှော့ထားလိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now