အပိုင်း (၁၈) အလှအပက အရေးကြီးတယ်

2.2K 243 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၁၈) အလှအပက အရေးကြီးတယ်

သူမရောက်လာသည့် ရည်ရွယ်ချက်ကို စဥ်းစားလိုက်ပြီးနောက် လင်းဟန်ကျောက်သည် ပင့်သက်ရှိုက်လိုက်၏။

“ကျွန်မ....ကျွန်မ ရှင်ဖြစ်လာဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး”

အစပိုင်းတွင် သူမသည် ဂျူနီယာအထက်တန်းကျောင်းအခန်းဖော်တစ်ယောက်က တိတ်တိတ်လေး ယူလာခဲ့သည့် ကုချင်းယွီ၏ ဓာတ်ပုံကို မတော်တဆ မြင်သွား၏။ ဓာတ်ပုံထဲတွင် ထိုအချိန်က လူသစ်စစ်ရေးလေ့ကျင့်ရေး လုပ်နေသည့် ကုချင်းယွီသည် နေလောင်ဒဏ်ကြောင့် ညိုမဲနေသည့်မိန်းကလေးများကြားတွင် အလွန်တောက်ပနေပြီး သူမသဘောကျသည့် အခန်းဖော်ကပင် သူမဖုန်းနှင့် သူမကို တိတ်တိတ်လေး ဓာတ်ပုံရိုက်ထားလိုက်၏။

သူမသည် ထိုမိန်းကလေးကဲ့သို့ ချောမောလာလျှင် လူအများကြီးက သူမကိုအာရုံစိုက်ကာ ချစ်လာမည်လားဟု တွေးမိခဲ့သည်။

လင်းဟန်ကျောက်သည် တက္ကသိုလ် မတက်ဘဲ အထက်တန်းကျောင်းပြီးသည်နှင့် အလုပ်ထွက်လုပ်ခဲ့သည်။ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတွင် သူမ၏ ပညာအရည်အချင်းနှင့် ရုပ်ရည်ကြောင့် သူမသည် စောစောပိုင်းတွင် ရရှိသည့် အကျိုးခံစားခွင့်ကို ဘယ်တော့မှမရသည့် အချိန်တွင် သူမနှင့်တစ်ချိန်ထဲအလုပ်ဝင်သည့် မိန်းမလှလေးတစ်ယောက်က ၆လပင် မပြည့်သေးပဲ ကြီးကြပ်ရေးမှုးရာထူး တိုးသွားတော့သည်။

အလှအပသည် အလွန်အရေးပါ၏။

ထို့ကြောင့် သူမသည် ချေးငွေယူလိုက်ပြီး လွန်ခဲ့သည့်၆အတွင်း သူမစုဆောင်းထားသည့် စုငွေဖြင့် ပလက်စတစ်ဆာဂျရီ သွားလုပ်လိုက်တော့သည်။

ထိုဓာတ်ပုံထဲက ကုချင်းယွီအပေါ်တွင်ထားသည့် မသိစိတ်က အားကျမှုကြောင့်ထင်သည်။ သူမသည် ခွဲစိတ်မှုအတွင်း ကုချင်းယွီကို သူမပုံစံအဖြစ် မသိစိတ်က ရွေးလိုက်လေသည်။

အစပိုင်းတွင် သူမသည် သူမကိုယ်သူမ အနည်းငယ်သာ ပိုလှလာအောင်လုပ်ချင်ခဲ့သော်လည်း ပလက်စတစ်ဆာဂျရီလုပ်ခြင်းက စွဲလမ်းစေသည်။ သူမသည် မျက်ရစ်နှစ်ထပ် ဖော်ပြီးနောက် နှာတံစင်းစင်းလေး လိုချင်လာပြန်သည်။ ထို့နောက် ကုချင်းယွီ၏ ချယ်ရီရောင် နှုတ်ခမ်းဖူးဖူးလေးနှင့် ယောက်ျားတို့မျက်လုံး မခွာနိုင်အောင် ဆွဲဆောင်နိုင်သည့် ပြည့်ဖြိုးသည့်ရင်သားများ လိုချင်ခဲ့လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now