အပိုင်း ( ၃၇) ရှင်... ကျွန်မနဲ့ ကွာရှင်းချင်တာလား

2.1K 209 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း ( ၃၇) ရှင်... ကျွန်မနဲ့ ကွာရှင်းချင်တာလား

သူမသည် တွမ့်ရှင်းယွမ်နှင့် လက်မထပ်ခဲ့လျှင် ကုဝမ်ချန်က သူမဘက်တွင် ရပ်တည်ပေးဖို့ မလိုတော့သည်ကို ကုချင်းယွီ သိလေသည်။ ထို့ကြောင့် သူမသည် ခပ်ပါးပါးလေးပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

“ အင်း သမီး နားလည်ပါပြီ... ရှင်းယွမ် သူ... တော်တော် ရိုးသားတာပါ”

ပြီးတော့ သူ့ကို နှစ်ခါလောက်ငြင်းလိုက်တာက လုံလောက်သွားပြီလေ။ ပြီးတော့ ငါလေး သူနဲ့လည်း ဖြေရှင်းစရာတွေ စလုပ်ရတော့မှာဆိုတော့၊ ဒါပေမဲ့ သူ့ကို ဆက်တိုက်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။

ကုချင်းယွီ၏အဖြေသည် ကုဝမ်ချန်ကို အလွန်ကျေနပ်သွားစေသည်။ သူက ထပ်ပြောလိုက်၏။

“ ချင်းချန်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို စိုးရိမ်စရာမလိုပါဘူး၊ သမီး အပြစ်ကင်းမှန်း အဖေသိတယ်၊ နေကောင်းအောင်နေပြီး ရှင်းယွမ်နဲ့ လက်ထပ်ဖို့ စောင့်နေနော်”

လက်ထပ်ရမယ်တဲ့လား။

ကုချင်းယွီသည် အနည်းငယ်အံ့ဩသွားလေသည်။

ကုဝမ်ချန်က အရမ်းစိတ်အားထက်သန်မနေရဘူးလို့ အမြဲတမ်းထင်ခဲ့တဲ့သူပဲ။ ပြီးတော့ တွမ့်ရှင်းယွမ်ရဲ့ စိတ်ဝင်စားမှုကို တစ်ချိန်လုံးရနေဖို့ သူ့ကို လက်ထဲမှာ ဘယ်လိုထိန်းထားရမယ်ဆိုတာကိုတောင် ငါလေးကို သင်ပေးခဲ့သေးတာလေ။ ဒါမှ အချိန်အကြာကြီး သူအတွက်လည်း အကျိုးအမြတ်ရမှာပေါ့။ ဒါကြောင့်လည်း သူက စေ့စပ်ဖို့ သဘောတူခဲ့ပေမဲ့ လက်ထပ်တာကိုတော့ ငါလေး ကျောင်းပြီးတဲ့အထိ စောင့်ဖို့ တွမ့်ရှင်းယွမ်ကို သေချာပြောခဲ့တာပဲ။

ဒါပေမဲ့ အခုတော့ ငါလေးက တွမ့်ရှင်းယွမ်နဲ့ လက်ထပ်ဖို့ စောင့်နေရမယ်လို့ သူပြောနေတာလား။

သူသည် မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်၏။

ကြည့်ရတာ တွမ့်ရှင်းယွမ်ဘက်မှာ တစ်ခုခု မျှော်လင့်မထားတာ ဖြစ်သွားလို့ထင်တယ်....

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now