အပိုင်း (၁၂၂) သူက သူမ ကမ္ဘာပေါ်ရောက်လာတော့ ပထမဆုံးတွေ့ခဲ့ရတဲ့လူလေ

965 124 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၂၂) သူက သူမ ကမ္ဘာပေါ်ရောက်လာတော့ ပထမဆုံးတွေ့ခဲ့ရတဲ့လူလေ

နောက်ဆုံးတော့ သူက ငါလေး ကမ္ဘာပေါ်ကို ရောက်လာတုန်းက ပထမဆုံးတွေ့ခဲ့ရတဲ့သူလေ။

သို့နှင့် ကုချင်းယွီသည် သူမကိုယ်သူမ တွေးတောရင်း မုရွှမ်ချင်၏သွေးကို တွယ်ကပ်မနေတော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူ့ဘေးတွင် နေရလျှင်လည်း ခံစားချက်အတူတူ ဖြစ်နေခြင်းကြောင့်ပင်။ ထို့အပြင် သူမ နည်းနည်းလောက် ထပ်ကြိုးစားပြီး ငွေပိုရှာကာ သူမ၏ဂြိုဟ်ပေါ်က သုတေသနပစ္စည်းကို ဖန်တီးလိုက်လျှင် စွမ်းအင် စုဆောင်းဖို့က ဤမျှခက်ခဲတော့မည်မဟုတ်ပေ။

ဒီတော့ ပထမဆုံးနဲ့ အရေးကြီးဆုံး ကိစ္စက... ငွေရှာဖို့ ဖြစ်နေတုန်းပါပဲလား။

ကျွမ်းစစ်ရိ၏ရုပ်ရှင်သည် ထုတ်လွှင့်ချိန်နီးကပ်လာပြီ ဖြစ်၏။ အမှန်တွင် သူ့ရုပ်ရှင်သည် အရင်ကတည်း လက်စသတ်ခါနီးဖြစ်ပြီး တချို့ အရေးပါသည့်ဇာတ်ကွက်များ၏ နောက်ခံရှုခင်းကို လုံးဝ စိတ်မကျေနပ်သဖြင့် အချိန်ဆွဲထားခဲ့ခြင်းပင်။ သို့သော် ယခုတော့ ကုချင်းယွီ၏ပန်းချီကားကြောင့် စိတ်အားတက်ကြွလာပြီး သူ့အဖွဲ့ကို အချိန်ပိုဆင်းခိုင်းကာ ရုပ်ရှင်ကို အောင်အောင်မြင်မြင် လက်စသတ်နိုင်ခဲ့လေသည်။

သူသည် ဘွဲ့ရပြီးနောက်ပိုင်း လွန်ခဲ့သည့်နှစ်နှစ်ကတည်းက သူ့ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ရန် အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ သူ့အလုပ်ကလည်း အောင်မြင်နေသည်။

သူ့တွင် လျှို့ဝှက်သိုသိပ်သည့် နောက်ခံတစ်ခုနှင့် ကြီးမားကျယ်ပြန့်သည့် အဆက်အသွယ်များလည်း ရှိလေသည်။ ထို့ကြောင့် သူ၏မကြာသေးမီက ပြီးစီးထားသည့် animeရုပ်ရှင်သည် တန်းစီဇယားကိုဖြတ်ရန် အချိန်မကြာသလို ထုတ်လွှင့်ဖို့ကလည်း ပြဿနာမရှိပေ။

ကုချင်းယွီသည်လည်း သူမ anime ရုပ်ရှင်ကို စတင်နေပြီဖြစ်၏။ သူမ၏ ဉာဏ်ရည်တုကိုလည်း တပ်ဆင်ပြီး ဖြစ်သည်။ အပြင်ပန်းတွင်တော့ သာမန်ကွန်ပျူတာတစ်လုံးဟု ထင်ရပြီး အနည်းငယ် ဟောင်းနွမ်းနေကာ Sမြို့၏ အချမ်းသာဆုံးလူကြီးသမီးတစ်ယောက် သုံးသည့် ပစ္စည်းနှင့် မတူသော်လည်း အမှန်တွက်တော့ ကွန်ပျူတာထဲတွင် တခြားစကြဝဠာတစ်ခုကို ထည့်သွင်းထားခြင်းဖြစ်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now