အပိုင်း (၁၄၆) ကော့တေးလ် ပါတီ

721 90 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၄၆) ကော့တေးလ် ပါတီ

“ ဒီကုဝမ်ချန်က တကယ် လူမဟုတ်ဘူး၊ သူ့သမီးတွေကိုတောင် အသုံးချမဲ့ပစ္စည်းတွေလို ဆက်ဆံတာ၊ ကုချင်းယွီနဲ့ တွမ့်ရှင်းယွမ်တို့ စေ့စပ်ထားတာ ပျက်သွားပြီဆိုတော့ သူ တစ်ခုခု ထပ်လုပ်အုံးမလား မသိဘူး”

“မသိဘူး၊ ဒါပေမဲ့ ကုဝမ်ချန်ရဲ့အကျင့်အရာဆိုရင် တကယ်ဖြစ်နိုင်တယ်၊ ငါကြားတာတော့ ကုဝမ်ချန်က စိတ်မပူဘူးတဲ့ ဘာလို့ဆို တွမ့်ရှင်းယွမ်က ကုအုပ်စုမှာ ငွေလုံးငွေရင်းနဲ့ ရင်းနှီးထားလို့တဲ့၊ စောစောတုန်းကတော့ သူ့မိန်းမနဲ့ ကုချင်းချန်တို့ကြောင့် ဖြစ်သွားတဲ့ ကိစ္စနဲ့ သူ့ကုမ္ပဏီစတော့စျေးက တဖြည်းဖြည်း ကျသွားပြီး သူ့ရာထူးကလည်း မတည်မငြိမ်ဖြစ်နေတာလေ... ဒါပေမဲ့ အခု တွမ့်ရှင်းယွမ်က တခြားမိန်းမနဲ့ စေ့စပ်လိုက်ပြီဆိုတော့ သူ့ဇနီးလောင်းအသစ်က အရင်ဇနီးလောင်းမိသားစုနဲ့ လက်တွဲလုပ်နေတာကို သည်းခံမယ်မထင်ဘူး”

.....

အင်တာနက်သုံးစွဲသူများ၏ ခန်းမှန်းချက်မှာ လုံးဝမလွဲချေ။ တွမ့်ရှင်းယွမ်က တခြားမိန်းမတစ်ယောက်နှင့် စေ့စပ်သည်ဖြစ်စေ လက်ထပ်သည်ဖြစ်စေ တွမ့်ရှင်းယွမ်က သူ့သမီးကို စွန့်လွှတ်လိမ့်မည် မဟုတ်သလို ၊ သူ့သမီးအနေဖြင့် တွမ့်ရှင်းယွမ်၏ ထာဝရလရောင်ဖြူလေး ဖြစ်စေချင်သည်ဟုပင် ကုဝမ်ချန်က မျှော်လင့်ထားသေးသည်။

သို့သော် ကုဝမ်ချန် မျှော်လင့်မထားသည်က အဘိုးတွမ့်သည် ကုချင်းယွီကို တွမ့်မိသားစုသို့ ခေါ်တွေ့ပြီးနောက် ကုချင်းယွီ မြို့တော်မှ ပြန်လာပြီးနောက်ပိုင်း တွမ့်ရှင်းယွမ်က သူမကို အမှန်ပင် ထပ်မဆက်သွယ်တော့ဘဲ သူ့အား ကတိပေးထားသည့် ပူးပေါင်းမည့်လုပ်ငန်းကို မလုပ်ဆောင်တော့ခြင်းပင်။ တွမ့်မိသားစုသည် မကြာခင်မှာပင် ကုအုပ်စုမှ သူတို့၏ရင်းနှီးငွေများကို ပြန်ထုတ်သွားတော့သည်။

သူ့ရာထူးကို ရုတ်တရက် မတည်မငြိမ်ဖြစ်သွားစေပြီး သူ့ကုမ္ပဏီကိုလည်း ထိခိုက်သွားစေတော့သည်။ တွမ့်ရှင်းယွမ်က အမှန်ပင် သူ့သမီးကို မစွဲလမ်းတော့သယောင်။ ထို့ကြောင့် အချိန်အကြာကြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားပြီးနောက် နောက်ဆုံးတော့ ကုဝမ်ချန်သည် တွမ့်ရှင်းယွမ်၏ ပြန်လည်စေ့စပ်ကြောင်းလမ်းသည့် သတင်းက Sမြို့သို့ရောက်လာချိန်၌ ကုချင်းယွီအတွက် သတို့သားလောင်းအသစ်ကို ရှာပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now