အပိုင်း (၁၄၈) ကုချင်းယွီက အရမ်းသနားစရာကောင်းတယ်တဲ့

713 85 0
                                    

အပိုင်း (၁၄၈) ကုချင်းယွီက အရမ်းသနားစရာကောင်းတယ်တဲ့

ကုချင်းယွီသည် မုရွှမ်ချင်ကို ဖက်ထားပြီး အလွန်ဝမ်းသာသွားသည့်ဟန်ဖြင့် မေးလိုက်လေသည်။

“ ဆရာ ဒီနေ့ ကျွန်မ ရှင့်အိမ်မှာ အိပ်လို့မရလားဟင်”

“...”

မုရွှမ်ချင် သူ့ကို စိုက်ကြည့်လိုက်၏။ သူမ၏အပြစ်ကင်းကာ ကြည်လင်မည်းနက်နေသည့် မျက်လုံးများက သူမ ဘာထူးထူးဆန်းဆန်းမှ ပြောခဲ့သည်ဟု မထင်သလိုဖြစ်ရာ သူသက်ပြင်းချလိုက်ပြီး သူမ၏ဆံပင်လေးကို သပ်ကာ ကိုယ်ကိုညွှတ်လိုက်၏။ သူ့နှုတ်ခမ်းများသည် အနည်းငယ်စိုစွတ်နေသည့် သူမ၏မျက်လုံးထာင့်များဆီ ညင်သာစွာ ကျသွားတော့သည်။

“.... ရတယ်လေ”

ကုချင်းယွီသည် မုရွှမ်ချင်နောက် ပျော်ရွှင်စွာ လိုက်သွားတော့သည်။ ချန်ရန်အချက်ပြလိုကပြီး မုရိနှင့်မုအာ့တို့သည် ကုချင်းယွီ၏ နင်းခံလိုက်ရသော်လည်း သူမနောက် ဒေါသတကြီးလိုက်လာသည့် ထိုလူကို အေးစက်စွာကြည့်လိုက်လေသည်။

ကုချင်းယွီမှာ မုရွှမ်ချင်က လိုက်နှောင့်ယှက်နေသည့် ထိုငတုံးကို သူမကိုယ်စား ရှင်းပေးလိုက်သည်ကို မသိသလို တွမ့်ရှင်းယွမ်၏စေ့စပ်ပွဲနေ့နှင့် တနေ့ထဲတွင် ပါတီပွဲသို့ တက်ရောက်ခဲ့သည့်အတွက် အာရုံစိုက်ခံနေရမှန်းလည်း သိချေ။ ကုဝမ်ချန်က သူမကို ယောကျ်ားများနှင့် မိတ်ဆက်နေပေးနေသည့်ပုံများနှင့် ထောင့်တနေရာတွင် ကုအုပ်စု ရှယ်ယာရှင်ကြီး၏သားက သူမလက်ကို ဆွဲထားတာ လွှတ်မပေးသဖြင့် သူမမျက်လုံးများ နီသွားသည့်ပုံများကို ဝေ့ပေါ်ပေါ်တွင် အများအပြားတင်ထားလေသည်။

အင်တာနက်သုံးစွဲသူများက ပွက်လောရိုက်ကုန်ကြ၏။

“ ငါမှန်းတာ မှန်သွားမယ်လို့ ထင်တောင်မထားဘူး၊ အဲဒီကုဝမ်ချန်က တကယ်ပဲ ကုချင်းယွီအတွက် ယောက်ျားအသစ် ရှာပေးနေတာပဲ”

“ ကုဝမ်ချန် အရမ်းကို အလျင်လိုနေတယ်လို့မထင်ဘူးလား၊ တွမ့်ရှင်းယွမ်ကဖြင့် ဒီနေ့မှ စေ့စပ်သွားတာလေ ကျွတ် ကျွတ်”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now