အပိုင်း (၁၄၂) ဘာလို့များ သူမဘေးမှာ ယောက်ျားတွေအများကြီးရှိနေတာလဲ

802 100 0
                                    

အပိုင်း (၁၄၂) ဘာလို့များ သူမဘေးမှာ ယောက်ျားတွေအများကြီးရှိနေတာလဲ

ရှောက်ဇီဟန်သည် ကျွမ်းကျင်းကို သိမ်မွေ့စွာကြည့်ကာ မေးလိုက်လေသည်။

“ ဘာဖြစ်လို့လဲ၊ ဘာလို့ စိတ်ဆိုးနေတဲ့ပုံ ဖြစ်နေတာလဲ”

ကျွမ်းကျင်း စိတ်ဆိုးဆိုးနှင့် ညည်းညူလိုက်လေသည်။

“ ပြောမနေပါနဲ့တော့၊ အရင်က ဗီဒီယိုအရှုပ်တော်ပုံတစ်ခုရှိခဲ့တဲ့ ကုချင်းယွီကို သိတယ်မလား၊ သူက ကို့ကျောင်းကပဲ ထင်တယ်၊ သူအခု ညီမရဲ့အစ်ကိုကို လာကပ်နေတယ်လေ၊ တကယ်ပါပဲ ပြီးတော့ ညီမရဲ့ ယောက်မကလည်း ဒီမှာမရှိဘူး...”

ရှောက်ဇီဟန်၏မျက်လုံးများ အရောင်လက်သွားတော့သည်။

“ ညီမရဲ့အစ်ကိုက.... လက်ထပ်ပြီးပြီလား”

ကျွမ်းကျင်း ခေါင်းခါပြလိုက်ပြီး

“ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့တွဲလာတာ ၅နှစ် ၆နှစ်လောက်ရှိပြီလေ၊ သူတို့တွေ သေချာပေါက် လက်ထပ်ကြမှာ”

ဝေလင်းက လွဲလျှင် သူမ၏ယောက်မအဖြစ် ဘယ်မိန်းမကိုမှ လက်မခံနိုင်ပါ။

ကျွမ်းကျင်းက လေးလေးနက်နက် တွေးထားလိုက်လေသည်။

ရှောက်ဇီဟန်သည် အနည်းငယ်ရယ်မောလိုက်ပြီး

“ ယောက်ျားက လက်မထပ်ရသေးဘူး ပြီးတော့ မိန်းမကလည်း လက်မထပ်ရသေးဘူး အရာအားလုံးက တဒင်္ဂအတွင်း ပြောင်းလဲသွားနိုင်တယ် ၊ သူတို့ကိုလည်း ဘာမှသွားပြောလို့မရဘူးလေ”

ကျွမ်းကျင်းက မျက်မှောင်ကျုံ့လိုက်၏။

“ ရှောက်ဇီဟန် ရှင် ဘာအဓိပ္ပာယ်လဲ၊ ရှင်က ဘယ်သူ့ဖက်ကလဲ”

ရှောက်ဇီဟန် ချစ်မြတ်နိုးစွာ ပြုံးလိုက်ပြီး သူမကို ဖက်လိုက်ကာ

“ ကိုက ညီမဖက်ကပါ ဟုတ်ပြီလား”

“အဲလိုမှပေါ့”

ကျွမ်းကျင်း ကျေနပ်စွာ ပြုံးလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ် ဒီသိက္ခာမရှိတဲ့မိန်းမကိုတော့ ယောက်မ မတော်နိုင်ဘူး၊ သူမိသားစုလည်း ဖရိုဖရဲဖြစ်နေပြီးတော့ သူ့စေ့ထားတဲ့သူကလည်း အရင်ကတည်းက သူ့ကို ပစ်ထားတာ၊ အဲဒါတွေထပ် သူက နေ့တိုင်း ယောက်ျားတွေနဲ့ လိုက်ချိတ်နေတာတဲ့... ပုံကြည့်တော့ အပြစ်ကင်းသလိုလိုနဲ့ ရွံစရာကောင်းလိုက်တာ”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now