အပိုင်း ( ၇၅) သူမက မင်းရဲ့လူ

1.6K 193 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၇၅) သူမက မင်းရဲ့လူ

ချန်ရန်သည် အချိန်ကိုက် ရှေ့တစ်လှမ်းတိုးလိုက်ပြီး

“ ဆရာ အကောင်းဆုံးကတော့ မိန်းကလေးကုမှာ သူမရဲ့သတို့သားလောင်း ဖြစ်လာဖို့ သင့်တော်တဲ့သူ ရှိပြီးသားဆိုတာ မစ္စတာကု သိအောင်လုပ်ဖို့ပဲ၊ ပြီးတော့ အဲဒီလူက တွမ့်ရှင်းယွမ်ထက် မနိမ့်တဲ့သူ”

မုရွှမ်ချင် “.....”

ကြာရှည်စွာတိတ်ဆိတ်နေပြီးနောက် မုရွှမ်ချင်သည် နှုတ်ခမ်း တင်းတင်းစေ့ကာ့ အဝေးသို့ ငေးကြည့်လိုက်လေသည်။

“ မဖြစ်ဘူး..”

“ ဘာလို့ မဖြစ်တာလဲ၊ ဆရာ သူမကို မမုန်းဘူးလေ ဟုတ်တယ်မလား”

ဆရာ သူမကို မမုန်းဘူးဆိုတာ သူသိတာပေါ့။ သူ ဆရာ့နောက်လိုက်လာတာ ၁၀နှစ်ကျော်နေပြီလေ ဘယ်မိန်းမနဲ့မှ သူ့ကို နီးနီးကပ်ကပ် နေတာမမြင်ဖူးခဲ့ဘူး။ မိန်းကလေးကုက သူ့ကို နမ်းတုန်းကတောင် ဒေါသမထွက်ဘဲနဲ့၊ တခြားမိန်းမသာ ဖြစ်ကြည့်ပါလား....

ဟင်း.... သူတို့တွေ ဆရာ့အနား တစ်မီတာအထိတောင် ကပ်နိုင်မှာ မဟုတ်ဘူး။ သူ့ကို ကြင်နာတဲ့အထိအတွေ့တစ်ခု ပေးဆိုတာကတော့ ပြောမနေနဲ့တော့။

မုရွှမ်ချင်သည် မျက်လွှာချထားပြီး

“ အရမ်း အန္တရာယ်များတယ်”

သူ့အမျိုးသမီးဖြစ်လာဖို့ အရမ်းအန္တရာယ်များတယ်လေ...

သူက မိသားစုတစ်ခု ပိုင်ဆိုင်ရမှာတောင် ကြောက်နေခဲ့တာ။ သူတို့အနားကို ဆယ်စုနှစ်တစ်ခု ကျော်တဲ့အထိ မသွားခဲ့တာ၊ သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးချင်တဲ့သူတွေလောက်တောင် သူ့သွေးသားရင်း ဆွေမျိုးတွေကို မတွေ့သလောက်ပဲ....

ဒါနဲ့များ ကိုယ့်ဟာကို အမျိုးသမီးတစ်ယောက် ပိုင်ဆိုင်ခွင့် ပေးလို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

“ဒါပေမဲ့ ဆရာ အစောနတုန်းက မိန်ကလေးကို ပြောခဲ့တယ်လေ၊ သူမက ဆရာ့အပိုင်ဆို”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now