အပိုင်း (၄၉) ဒီခရီးမှာ အိမ်ပြန်လာစရာတောင် လိုမှာမဟုတ်လောက်ဘူး

1.7K 214 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၄၉) ဒီခရီးမှာ အိမ်ပြန်လာစရာတောင် လိုမှာမဟုတ်လောက်ဘူး

ကုချင်းယွီ....

အဲကလေးမရဲ့ ငါမြေးပေါ် လွှမ်းမိုးမှုက တဖြည်းဖြည်း ကြီးထွားလာတော့ လုံးဝ စိတ်မချမ်းမြေ့စရာပဲ....

ပြီးတော့ သူတို့ရဲ့ တွမ့်မိသားစုရဲ့ မြစ်ကလေးက ဘယ်လိုလုပ်ပြီး တရားမဝင်ကလေးတစ်ယောက် ဖြစ်လို့ရမလဲ။

အဘိုးတွမ့်သည် အတန်ကြာအောင် စဥ်းစားလိုက်ပြီးနောက် Sမြို့သို့ ဖုန်းခေါ်လိုက်လေသည်။

တစ်ဖက်တွင် ကုချင်းယွီသည် အဘိုးတွမ့်၏ဖုန်းကို ကိုင်လိုက်ပြီး မျက်ခုံးတစ်ဖက် ပင့်မိသွားတော့သည်။

အဘိုးတွမ့်က ငါလေးကို တွေ့ချင်သတဲ့လား။

မကြာခင်ဘဲ ဘာဆက်ဆံရေးမှ မရှိတော့မဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့ဖို့ ငါလေးက ဘာလို့ တော်ဝင်မြို့တော်ကို အထူးတလည် သွားရမှာလဲ။ ပြီးတော့ ဖုန်းထဲက ကြားရတဲ့လေသံက သိပ်ပြီး ဖော်ရွေတဲ့ပုံလည်း မပေါ်ပါဘူး။ သူ့လေသံက မူလခန္ဓာကိုယ်ပိုင်ရှင် စေ့စပ်ပွဲတုန်းကတွေ့တဲ့ အဘိုးတွမ့်ရဲ့လေသံနဲ့တောင် မတူဘူး။

သူမသည် သိပ်မသွားချင်ပါသော်လည်း ကုဝမ်ချန်ကတော့ တိုက်တွန်းနေလေသည်။

“ချင်းယွီ လူကြီးက သမီးကို တွေ့ချင်တယ်ဆိုရင် သမီးက သွားတွေ့သင့်တာပေါ့၊ အဘိုးတွမ့်က အိုနေပြီ သူ့ကို ဒီလာခိုင်းလို့မဖြစ်ဘူးလေ ဟုတ်လား၊ ပြီးတော့ ဒီခရီးမှာ သမီး ပြန်လာစရာ မလိုတာလဲ ဖြစ်သွားနိုင်တာပဲ၊ တွမ့်မိသားစုရဲ့ လက်ထပ်ပွဲက တော်ဝင်မြို့တော်မှာပဲ လုပ်မှာ သေချာတယ်”

ကုဝမ်ချန်သည် ကုချင်းယွီနှင့် တွမ့်ရှင်းယွမ်တို့ လက်ထပ်မည့်အရေးကို မစောင့်နိုင်အောင် ဖြစ်နေတော့သည်။ သို့မှသာ မစ္စကုကြောင့် စွန်းထင်းခဲ့သည့်  ကုကုမ္ပဏီ၏ သေးငယ်သော ဂုဏ်သတင်းလေးနှင့် ကုချင်းချန် ချက်ချင်း ပျောက်ကွယ်သွားခြင်းက လူအားလုံးအား ထိုဖြစ်ရပ်ကို မေ့လျော့သွားပေလိမ့်မည်။ အကြောင်းမှာ တွမ့်မိသားစုမှတစ်ဆင့် တက်လှမ်းလာသည့် ကုမိသားစုသည် မူလကုမိသားစုလုံးဝ မဟုတ်တော့သောကြောင့်ပင်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now