အပိုင်း (၁၂) အမျိုးသမီးတစ်ယောက်အကြောင်း စုံစမ်းပေး

2.3K 230 0
                                    

အပိုင်း (၁၂) အမျိုးသမီးတစ်ယောက်အကြောင်း စုံစမ်းပေး

မုရွှမ်ချင်သည် သူမကို မတားတော့ဘဲ ဆေးဖိုး ရှင်းလိုက်ပြီးနောက် သူမထွက်သွားသည့်ဖက်ကို ငေးကြည့်ရင်း သူ့မျက်လုံးများသည် ညို့မှိုင်းလာလေသည်...

ကုချင်းယွီတွင် ပိုက်ဆံတစ်ကျပ်ပင် မရှိချေ။ ထို့ကြောင့် မူလခန္ဓာကိုယ်၏မှတ်ဉာဏ်ထဲက လမ်းအတိုင်း လိုက်လာရင်း အိမ်ပြန်သို့ နှစ်နာရီကြာလမ်းလျှောက်ပြန်လာခဲ့လေသည်။

ယောက်ျားတစ်ယောက်က အသံတစ်ချက် မလှုပ်ဘဲ တစ်လမ်းလုံး သူမနောက်လိုက်လာနေသည်ကို သတိမထားမိခဲ့ပေ။

ထို့အပြင် ၀၀း ၀၀ အချိန်ကျော်သွားသည်နှင့်တစ်ပြိုင်နက် ထိုယောက်ျား၏မျက်နှာသည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာပြီး သူ့လမ်းလျှောက်နှုန်းကလည်း ပိုမြန်လာကာ ကျားသစ်တစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ မြန်ဆန်လာလေသည်။

ကုမိသားစုအိမ်တော်တံခါးအထိ သူမနောက်လိုက်လာခဲ့ပြီး သူမ နံရံကို ကျော်တက်ကာ အိမ်ထဲဝင်သွားသည်ကို မြင်လိုက်ပြီးနောက် သူ့မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး သူ့မျက်လုံးများသည် အေးစက်မည်းမှောင်လာကာ ချိနဲ့စွာပြောလိုက်လေသည်။

“ ငါ့ကို လာကြို”

“ အဲဒီကလူတွေရော ဘာဖြစ်သွားပြီလဲ”

“ သူတို့အားလုံးကို ရှင်းပြီးသွားပါပြီ”

ချန်ရန် ပြန်ဖြေလိုက်၏။

“သွားစို့”

မုရွှမ်ချင်သည် မတ်တတ်ရပ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အသက်ပင်မရှူရဲလောက်သည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေတော့သည်။ ချန်ရန်ဘေးမှ သက်တော်စောင့်များသည် သူတို့၏ခေါင်းကိုပင် မဖော်ဝံ့ဘဲ အသက်အောင့်ထားကြကာ သူတို့ကိုစီးနင်းထားသည့် အသက်မရှူနိုင်လောက်သည့် မွန်းကြပ်မှုကို ခံစားနေရသည်။ ချန်ရန်တစ်ယောက်သာလျှင် သူ့ခေါင်းကို ခက်ခက်ခဲခဲ မော့ထား၏။

“ဟုတ်ကဲ့”

ချန်ရန်သည် ကားတံခါးကို ဖွင့်ပေးလိုက်သော်လည်း မုရွှမ်ချင်က ကုမိသားစုအိမ်တော်ကို နှိုင်းနှိုင်းဆဆဖြင့် ရပ်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now