အပိုင်း (၁၅၄) တစ်ဖက်သတ်အကြောင်းအရင်း

552 79 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၅၄) တစ်ဖက်သတ်အကြောင်းအရင်း

“ ဘုရားရေ ငါတို့ကို ဒီလိုကြီး တန်းလန်းထားခဲ့တာ အရမ်းရက်စက်တာပဲ”

“ ဒါရိုက်တာကျွမ်း နင် အရမ်းတိုတာနော်၊ နင် နောက်ဗီဒီယိုတစ်ခု ထပ်မတင်ရင် တိုရုံမက အရမ်းလဲ မြန်မြန်ပြီးပါစေ”

ကျွမ်းစစ်ရိသည် မှတ်ချက်များကြောင့် ကျိတ်ရယ်မိတော့သည်။ သို့သော် သူကိုယ်တိုင်လည်း ရုပ်ရှင်၏ကျန်တဲ့အပိုင်းကို မကြည့်ရသေးသည့်အကြောင်း စဥ်းစားမိလိုက်ချိန်၌ သူသည် ပို၍ တွက်ချေကိုက်သွားသည်ဟု ခံစားလိုက်ရတော့သည်။ အကြောင်းမှာ သူ အချိန်ဆွဲထားလေလေ သူ့နာကျင်မှုဝေဒနာကြားမှ လူအများက သူ့ကုမ္ပဏီကို လာရှာကြလေလေ ဖြစ်တော့မည်။

ကုချင်းယွီက သူ့ကိုအခုလေးတင် ဆက်သွယ်လာတာလေ။ သူနဲ့ ကုချင်းယွီက အလုပ်သဘောအရ ဆက်ဆံရေးပဲ ရှိတာကို ရှင်းပြဖို့ သူနဲ့ သူ့ကောင်မလေးရဲ့ ဓာတ်ပုံကိုပဲ တင်ချင်ခဲ့တာ။ ဒါပေမဲ့ သူမက သူ့ကို နမူနာတစ်ခု တင်ခိုင်းလိုက်မယ်လို့ ထင်မထားခဲ့ဘူး။ သူက ကုမ္ပဏီမှာ တစ်စုံတစ်ယောက်နဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်နေတာမလို့ သူ့ကိုပဲ နမူနာရုပ်ရှင်တစ်ခု လုပ်ခိုင်းပြီး တင်ခိုင်းလိုက်တာ။ ဒါပေမဲ့ နမူနာကို ဆိုင်းမဆင့်ဘုံမဆင့်ကြီး တင်လိုက်လို့ ဒီလောက်ကောင်းတဲ့ သက်ရောက်မှု ဖြစ်သွားမယ်လို့ လုံးဝ မထင်ခဲ့မိဘူး။

ကျွမ်းစစ်ရိက အခုတော့ စဥ်းစားလိုက်လေသည်။ သူ့ရုပ်ရှင်ကို မေ ၁ရက်နေ့တွင် ရုံတင်ခဲ့ပြီး ကုချင်းယွီ၏ရုပ်ရှင်ကို ဂျွန် ၁ရက် ကလေးများနေ့တွင် ရုံတင်နိုင်လိမ့်မည်။

ထိုအကြောင်းကြောင့်ပင် သူသည် တစ်ညလုံး စိုင်းပြင်းလုပ်နေရတော့သည်။

သူ မသိသည်က အဝေးမှာရှိသည့် သူ့ချစ်သူသည် ဝေ့ပေါ်တွင် သူနှင့်ကုချင်းယွီတို့၏ ဓာတ်ပုံကို ကြည့်ရင်း မျက်နှာမကောင်းဖြစ်နေသည်ကိုပင်။

“ ယောက်မ နင်တွေ့ပြီးပြီမလား၊ ဒီမိန်းမက တကယ့်ဟာမပဲ၊ သူ့မှာ ချစ်သူရှိပြီးတာတောင် ယောက်ျားတွေ အများကြီးနဲ့ ပလူးနေသေးတယ်၊ သူ့က ငါ့အစ်ကိုနဲ့တင် အီစီကလီလုပ်တာ မဟုတ်ဘူးနော် ငါချစ်သူကိုလည်း အီစီကလီ လုပ်ခဲ့တာ၊ အရမ်းရွံစရာကောင်းတာပဲ၊ ငါ အဲနေ့က သူတို့ကို ဝရံတာနားမှာ နှစ်နာရီလုံး အတူတူရှိနေတာ တွေ့ခဲ့တာ၊ ငါ့အစ်ကိုက နင်ကလွဲရင် ဘယ်မိန်းမနဲ့များ နှစ်နာရီလောက် အချိန်ကုန်ဖူးလို့လဲ၊ ယောက်မ ငါနင့်ကို အရမ်းအားနာတာပဲ၊ သူတို့ အဲမှာ ၂နာရီတောင် ရှိခဲ့ကြတာ၊ သူတို့တွေ အလုပ်အကြောင်းပဲ ပြောကြမယ်လို့တော့ ငါမထင်ဘူး...”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now