အပိုင်း ( ၁၀၅) ငါ့ဆရာကို ခိုးခဲ့ပြီးတော့ ငါ့လူကို ထပ်ခိုးတော့မလို့လား

1.2K 143 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၀၅) ငါ့ဆရာကို ခိုးခဲ့ပြီးတော့ ငါ့လူကို ထပ်ခိုးတော့မလို့လား

မုအိုက်သည် ရောက်ရောက်ချင်း တံခါးကို တွန်းမဖွင့်လိုက်ခင် ထိုစကားများကို ကြားလိုက်ရပြီး ဒေါသကြောင့် အော်ရယ်မိတော့မတတ်ပင်။

သူမ၏ ဒေါသများကို ဖိနှိပ်ထားရန် တွန်းအားပေးလိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်ကာ အကြောင်းအရာတစ်ခုလုံးကို နားထောင်ရင်း သူမ၏မျက်နှာမှာ မှုန်မှိုင်းသွားတော့သည်။

ဒီတော့ တွမ့်မိသားစုက ကုချင်းယွီကို ကြိုက်တာမဟုတ်ဘဲ ကုချင်းယွီကသာ တွမ့်ရှင်းယွမ်ကို မကြိုက်တော့တာပေါ့လေ။ တွမ့်ရှင်းယွမ်က သူတို့ ပြန်တွဲဖို့ တောင်းပန်နေရသတဲ့လား။

အခုတော့ သူမက ကုချင်းယွီ မလိုချင်တော့တဲ့ ယောကျ်ားကို ရွေးထားမိတာပေါ့လေ ဟုတ်လား။

ပြီးတော့ ဒီယောက်ျားက သူမကို သူ့အလုပ်ဖုန်းနံပါတ်ပဲ ပေးထားပြီးတော့ သူက အလုပ်ကိစ္စပြီးရင် Sမြို့မှာ သူမကို အဖော်လာလုပ်ပေးဖို့လဲ မတွေးထားသလို သူမက သူ့ကို လာရှာမယ်လို့တောင် မထင်ထားဘူးပေါ့။ သူ့သီးသန့်ဖုန်းကိုပဲ ယူပြီး အလုပ်ဖုန်းကိုတော့ ရုံးမှာ ထားခဲ့တာပေါ့လေ။

ဒါမှမဟုတ် သူက သူမကို ဒီအတိုင်း စကားမပြောချင်ခဲ့တာပေါ့လေ။ နောက်ဆုံးတော့ သူက အဲဒီခွေးမ ကုချင်းယွီကို ကြိုက်နေသေးတယ်ပေါ့။

ပိုင်ရှို့ချီရဲ့ တပည့်ဖြစ်လာမည့်အရေးကိုလည်း သူမဆီက လုယူသွားတယ်။ အခု သူမ ရှားရှားပါးပါး ချစ်ခင်ရတဲ့ ယောက်ျားကိုလည်း လုယူခံလိုက်ရတယ်တဲ့။ မုအိုက်သည် ရူးတော့ မတတ်ဖြစ်သွားတော့သည်။

မုမိသားစု၏ သခင်မလေးတစ်ယောက်အနေဖြင့် သူမသည် မိသားစုခေါင်းဆောင်၏ သမီး မဟုတ်လျှင်တောင် သူမသည် ငယ်စဥ်ကတည်း လူအများ၏ အလိုလိုက်ခြင်း ခံခဲ့ရပြီး သူမ လိုချင်သမျှ ရနိုင်ခဲ့လေသည်။ သို့သော် သည်နေ့တွင်တော့ သူမသည် လုံလောက်အောင် ဒေါသထွက်နှင့်ပြီးဖြစ်သော်လည်း တွမ့်ရှင်းယွမ်က သူမ၏ဒေါသကို ဆီထပ်ဖြည့်လိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now