အပိုင်း (၁၁၈) ဆရာ... ကျွန်မက ရှင့်ထက် ပိုသဘောကောင်းတယ်နော်

1K 134 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၁၈) ဆရာ... ကျွန်မက ရှင့်ထက် ပိုသဘောကောင်းတယ်နော်

ဒါသည် သည်လောက၏ ဖြစ်စဥ်ပင်။ လူချမ်းသာများက နားလည်မှု လွဲခံရသည်မှာ နည်းပါးပြီး သူ့လို သာမန်လူများနှင့် သူဆင်းရဲများကတော့ သူတို့အဆင့်အတန်းနှင့် နည်းနည်းလေး မကိုက်ညီသည့် အရာမျိုးလုပ်မိလိုက်သည်နှင့် လက်ညှိုးထိုး ပြောဆိုခံရပေလိမ့်မည်။

ရှောက်ဇီဟန်သည် ဒေါသထွက်လွန်းသဖြင့် ထိုဓာတ်ပုံကို ဖိုရမ်ပေါ်တွင် အမည်မပါဘဲ တင်လိုက်တော့သည်။ ကုချင်းယွီသည် Sတက္ကသိုလ်တွင် နာမည်ကြီးသူဖြစ်ပြီး သူမ ပထမနှစ်စတက်ကတည်းက ကျောင်းရဲ့ queenဖြစ်ခဲ့ရာ လူများကိုက သူမကို အလွန်စိတ်ဝင်စားကြလေသည်။ မနေ့ကမှ ကုချင်းယွီနဲ့ ရှောက်ဇီဟန်တို့တွဲနေတာလို့ ပြောနေကြတုန်းရှိသေး ဒီနေကျတော့ ကုချင်းယွီက နောက်ယောက်ျား တစ်ယောက်ရဲ့ကားပေါ် တက်သွားတယ်လို့ သံသယဖြစ်နေကြတယ်တဲ့လား။ သိပ်ဝင်စားဖို့ကောင်းတာပဲ။

Sတက္ကသိုလ်က အတင်းဖျင်းကြိုက်သူ ကျောင်းသား ကျောင်းသူများသည် သည်ပိုစ့်ကို အနည်းဆုံး တစ်နာရီနီးပါး စိတ်ဝင်စားစရာအကောင်းဆုံးကိစ္စဖြစ်အောင် လုပ်လိုက်ကြပြီး ရှောက်ဇီဟန်ကို သနားနေကြတော့သည်။ သူသည် ကုချင်းယွီအတွက် အမျိုးမျိုး နောက်က လိုက်လုပ်ပေးသည့် အရံတစ်ယောက်ဖြစ်ပြီး သူမသည် လူချမ်းသာတစ်ယောက်နှင့် တွေ့လိုက်ရချိန်၌ ချက်ချင်း လှည့်ထွက်သွားခဲ့သည်ဟု ထင်နေကြလေသည်။

ကုချင်းယွီနှင့် ရှောက်ဇီဟန်တို့သည် တွဲနေကြသည် မဟုတ်ကြောင်းနှင့် အတန်းဖော် သူငယ်ချင်းများသာ ဖြစ်ကြောင်း တချို့က ငြင်းကြသော်လည်း အရင်ကတည်းက အတင်းဖျင်း ပြောရကြိုက်ကြသည့် လူများသည် မကောင်းသည့်ရည်ရွယ်ချက်ဖြစ်သာ တစ်ဖက်သားကို ထင်မြင်ချင်ကြရာ ကျောင်းသားကျောင်းသူ အများစုက ကုချင်းယွီသည် ရှောက်ဇီဟန်ကို အရံတစ်ယောက်လို အသုံးချနေခဲ့တာဖြစ်ပြီး သူ့ကို သနားစဖွယ် ဖြစ်သွားစေတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now