အပိုင်း ( ၇၄) ဆရာကလေ စိတ်ထဲက မပါတဲ့စကား သိပ်ပြောတယ်

1.6K 200 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၇၄) ဆရာကလေ စိတ်ထဲက မပါတဲ့စကား သိပ်ပြောတယ်

သူက သူမရဲ့လျှို့ဝှက်ချက်ကိုပဲ သိချင်ရုံပါ။ သူ သိချင်တယ်...

သူ့သွေးကို သောက်ပြီးတာတောင်မှ သူမဘာလို့ အဆင်ပြေနေလဲ ၊ ပြီးတော့... ဘာလို့များ... သူမက သူကို အရမ်းကပ်နေတာလဲ။

အင်း... အဖြေရှာတွေ့သွားရင်တော့ သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းသွားနိုင်လိုက်မလား။

ဟုတ်တယ်။ သူက... သူက အဖြေကိုပဲ သိချင်တာ။ ဒါကြောင့်ပဲ သူ သူမကို ချဥ်းကပ်ခဲ့တာ။

မုရွှမ်ချင်သည် ကိုယ့်ဟာကိုယ် အယုံပြန်သွင်းလိုက်လေသည်။

“ အင်း....”

အိပ်ပျော်နေသည့် ကုချင်းယွီသည် တိုးညင်းစွာ ညည်းတွားလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်သည် အမှတ်တမဲ့ သူ့ပေါ်သို့ ကျလာပြီး သူ့ပခုံးကို မှီထားလိုက်လေသည်။

မုရွှမ်ချင်၏မျက်လုံးအိမ်သည် ရှောခ့်ဖြစ်သွားကာ လှုပ်သွားပြီး ခန္ဓာကိုယ်တောင့်တင်းသွားကာ သူမကို ငုံံ့ကြည့်လိုက်လေသည်။ သူ့ ပါးစပ်ဟလိုက်သော်လည်း စကားလုံးက ထွက်မလာချေ။

သည်မြင်ကွင်းမှ ကြည့်လျှင် သူပထမဆုံးသတိထားမိသည်မှာ သူမ၏ဆံပင်များ ဖြစ်ပြီး သူဆံပင်ဆွဲနှုတ်ခဲ့သည့်နေ့ကို ချက်ချင်း သတိရသွားတော့သည်။ သူမ သိသွားချန်၌ သူမသည် ကျီစယ်ကာ ပြုံးလိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြကာ ‘လျော်ကြေး’ တောင်းခဲ့သည်တဲ့...

ဒီလျော်ကြေးက...

သူ့လည်ဇလုတ် လိမ့်သွားတော့သည်။

သူသည် သူမနှင့် အရမ်းနီးကပ်လွန်းနေရာ သူမ၏ကိုယ်သင်းနံ့ကို ရလိုက်လေသည်။ ခပ်ဖျော့ဖျော့ရနံ့က သည်ကမ္ဘာပေါ်က ဘယ်ရေးမွှေးနံ့မှ မဟုတ်ဘဲ သူမတစ်ယောက်ထဲသာ ပိုင်ဆိုင်ထားသည့် ရနံ့သင်းသင်းလေး။

သူမရဲ့ ခေါင်းလျှော်ရည်အနံ့များလား။ ဒါပေမဲ့ မနေ့ညက သူမ သူ့အိမ်က ရေချိုးခန်း၊ ခေါင်းလျှော်ရည်၊ ရေချိုးကန် နဲ့ ရေချိုးခဲ့တာပဲ...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now