အပိုင်း (၁၄၅) ကုချင်းယွီက တကယ်သနားစရာလေး

660 79 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၄၅) ကုချင်းယွီက တကယ်သနားစရာလေး

ကံအားလျော်စွာ ကုဝမ်ချန်ကလည်း သူ့မိသားစုသည် တော်ဝင်မြို့တော်ကလောက် ကြီးမားသည့်မိသားစုတစ်ခု မဟုတ်သော်လည်း သိပ်မဆိုးလှသည့် အခြေအနေဖြစ်သည်ဟု တွေးထားလေသည်။ မင်းသမီးတစ်ယောက်လုပ်နေသည့် သမီးတစ်ယောက် ရှိခြင်းက အလွန်အရှက်ရဖွယ်ဖြစ်သည်ဟု ခံစားရသဖြင့် သဘောတူကြောင်း မပြောခဲ့ချေ။

ကုဝမ်ချန်၏ ပိတ်ပင်မှုက ကုချင်းယွီကို ပိုလွယ်ကူသွားစေတော့သည်။

ထိုကုမ္ပဏီအများစုသည် ကုအုပ်စုလောက်  အင်အားမကြီးကြသဖြင့် ကုချင်းယွီက အနုပညာလောကထဲသို့ လုံးဝ မဝင်ချင်မှန်း သိသွားချိန်၌ ဒုတိယအကောင်းဆုံးလူကို ချိန်ရွယ်လိုက်ကြလေသည်။ ထို့သူမှာ လင်းဟန်ကျောက်ပင်။

အစပိုင်းတွင် လင်းဟန်ကျောက်ကို ရွေးလိုက်ခြင်းကြောင့် ကုချင်းယွီက စိတ်ဆိုးသွားမည်ကို ကြောက်ကြသော်လည်း လင်းဟန်ကျောက်က ကုချင်းယွီ၏ကုမ္ပဏီနှင့် စာချုပ်ချုပ်ထားမှန်းသိသွားချိန်၌ မစိုးရိမ်ကြတော့ချေ။

ဒါသည် ကုဝမ်ချန်က အစကတည်းက အနည်းငယ်စိတ်ပျက်ရသည့်ကိစ္စဖြစ်သော်လည်း ကုချင်းယွီက ဂရုမစိုက်ကြောင်းနှင့် ရှယ်ယာရှင်နည်းဖြင့် လင်းဟန်ကျောက် သူမအတွက် ငွေမည်မျှရှာပေးနိုင်သည်ကို ပြောလိုက်ပြလိုက်ရာ ကုဝမ်ချန်က ထိုကိစ္စကို စိတ်ထဲတွင်သာ  သိမ်းထားလိုက်တော့သည်။

လင်းဟန်ကျောက်ကို တခြားကုမ္ပဏီက ငှားပြီး သူ့သမီးနာမည်ဖြင့် အရှုပ်အရှင်းများ လုပ်သည်ထက်စာလျှင် သူ့မိသားစု၏လက်ထဲတွင် ထားသည်က ပိုကောင်းလေသည်။

လင်းဟန်ကျောက်သည် သူမ၏ကိုယ်ပိုင်နာမည်နှင့် ကုချင်းယွီ၏ဂုဏ်သတင်းကြောင့် အံ့ဩစရာကောင်းလောက်အောင် ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး အလှကုန်ပစ္စည်းနှင့် အသားအရေ ထိန်းသိမ်းပေးသည့် ကုန်ပစ္စည်းတို့အတွက် ထောက်ခံချက်များ အများအပြားရရှိခဲ့ပြီး အလှကုန်ပစ္စည်းကုမ္ပဏီများကလည်း ထောက်ခံချက်အတွက် သူမကို လာရှာကြလေသည်။ အကြောင်းမှာ သုံးစွဲသူအများစုက သူမပလက်စတစ်ဆာဂျရီ လုပ်ခဲ့သည့်ဆေးရုံကို အမှန်ပင် ရှာဖွေနေကြသောကြောင့်ပင်။ ပလက်စတစ်ဆာဂျရီလုပ်ထားသည်မှာ အလွန် ပြီးပြည့်စုံလှသောကြောင့်ဟူ၍။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now