အပိုင်း (၁၁) စက်ဆုပ်စရာကောင်းသူလို့ ထင်ခံလိုက်ရတယ်

2.3K 242 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၁၁) စက်ဆုပ်စရာကောင်းသူလို့ ထင်ခံလိုက်ရတယ်

“ ယောကျ်ားတစ်ယောက်က အပြင်သွားရင် သူ့အမျိုးသမီးကို ကာကွယ်ပေးရမှာပေါ့၊ မင်းကတော့ အထိအခိုက်မရှိဘဲ မင်းဘေးက မိန်းမငယ်လေးကို ဒီလောက်အထိဒဏ်ရာရစေတာ မရှက်ဘူးလား”

“...”

မုရွှမ်ချင်၏မျက်နှာသည် ပြောင်းလဲသွားလေသည်။

“ ဆရာ အဲလိုမဟုတ်....”

သူသည် ရှင်းပြချင်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ ဆရာဝန်ကြီးက သူ့ကို ဝါးစားမတတ် ကြည့်လိုက်ပြီး

“ ယောက်ျားတစ်ယောက်အနေနဲ့ လုပ်တော့လုပ်ရဲပြီး ဝန်မခံရဲဘူးပေါ့လေ၊ မင်း မလုပ်ရဲဘူးဆိုရင်လည်း မိန်းမငယ်လေးတစ်ယောက်ကို ဘာလို့အဲနေရာကို လှည့်စားပြီးခေါ်သွားသေးလဲ၊ ဘေးမှာထိုင်နေ၊ မင်းရဲ့ချစ်သူလေးကိုတောင် ကာကွယ်မပေးနိုင်ဘူး...”

ထိုနေရာသည် စွန့်ပစ်စက်ရုံများစွာရှိပြီး တော်တော်ပင် အစွန်အဖျားကျလေသည်။ သို့သော်  မြို့ပြင်ကျပြီး ရှုခင်းမှာလည်း သာယာလေရာ လူငယ်စုံတွဲများသည် မကြာခဏဆိုသလို ထိုနေရာတွင် လာချိန်းတွေ့တတ်ကြလေသည်။

ထို့အပြင် ညပိုင်းတွင် မီးရောင်အနည်းငယ်ရှိပြီး စွန့်ပစ်စက်ရုံအနီးရှိ မြေပြင်အနေအထားသည် တော်တော်ရှုပ်ထွေးလေသည်။ မကြာခဏဆိုသလို လူများ ပြုတ်ကျတတ်ပြီး ဒဏ်ရာရပြီးနောက် သူ့ထံတွင် ကုသယူခံရန် ရောက်လာတတ်ကြလေသည်။

သူ့အမြင်တွင်တော့ သူတို့၏ချစ်သူကောင်မလေးများကို ထိုနေရာတွင် ချိန်းတွေ့ရန် ခေါ်လာကြသူများ အားလုံးသည် မိန်းကလေးများကို အသားယူတတ်ကြသည့် စက်ဆုပ်စရာကောင်းသူများဖြစ်သည်။ ဒဏ်ရာရသူက ‘သူ’ဖြစ်နေလျှင်တော့ ကိစ္စမရှိချေ။ သို့သော် သူသည် မိန်းကလေးတစ်ယောက်၏လုံခြုံရေးကို ဂရုမစိုက်ဘဲ ညအချိန်အလွန်နောက်ကျသည်အထိ နေရဲသေးသည်တဲ့။ ကျွတ် ကျွတ်။

ဆရာဝန်သည် သန့်ရှင်းကာ မျက်နှာပေါ်တွင် ဟန်ဆောင်အကြည့်တစ်ခုနှင့် ဒဏ်ရာတစ်ခုပင်မရှိသည့် မုရွှမ်ချင်ကို တစ်ချက်ကြည့်လိုက်၏။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now