အပိုင်း (၈၀) ပျက်စီးသွားတဲ့ပန်းချီကား

1.5K 171 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၈၀) ပျက်စီးသွားတဲ့ပန်းချီကား

အရေးအကြီးဆုံးမှာ အချိန် မလောက်တော့ခြင်းပင်။ ပြိုင်ပွဲကို  နှစ်ဝက်ဆုံးမှ စမည်ဖြစ်သော်လည်း ပန်းချီကားများကိုတော့ ပဏာမရွေးချယ်ခြင်းအတွက် စာသင်နှစ် ပထမအပတ်တွင် ပို့ရပေမည်။ ထို့နောက်မှသာလျှင် သူတို့သည် တရားဝင်ပြိုင်ပွဲဝင်တွင် ပါဝင်ရမည်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်မှာ သည်နေ့ညနေခင်း ၅နာရီဖြစ်၏။ ကုချင်းယွီသည် အခုမှ ပြန်ဆွဲလျှင်တောင် သူမ တစ်နေ့လုံးအချိန်ပေးကာ ဆွဲခဲ့သည့် ပန်းချီကလောက် ကောင်းလိမ့်မည်မဟုတ်ပေ။

ကုချင်းယွီ၏မျက်နှာ ညိုးကျသွားပြီး စတယ်လွန်က မနေ့ညက နောက်ဆုံးမှပြန်သည့် ကျောင်းသားကို ဂရုတစိုက် ပြတင်းပေါက် မပိတ်ခဲ့သည့်အတွက် ဆူနေသည်ကိုသာ ကြည့်နေလိုက်တော့သည်။

အနုပညာဌာနတွင် ကျောင်းသားများက ပန်းချီဆွဲရန် ညဥ့်နက်သည်အထိနေကြသည်က ပုံမှန်ပင်ဖြစ်၏။ ထို့ကြောင့် သူတို့သည် အခန်းသန့်ရှင်းရေးမလုပ်လျှင်တောင် ပြတင်းပေါက်များကိုတော့ ကိုယ်တိုင် လိုက်ပိတ်ရလေ့ရှိသည်။

ဆူခံနေရသည့်ကျောင်းသားသည် ခေါင်းငုံ့ထားပြီး ဘာတစ်ခွန်းမှ ပြန်မပြောချေ။ အကြောင်းမှာ မနေ့က သူမပြန်ခင် ပြတင်းပေါက် ပိတ်ခဲ့သည်လား မပိတ်ခဲ့သည်လားကို သူကိုယ်တိုင် မမှတ်မိသောကြောင့်ပင်။

လင်ရှောင်ရိသည် ကုချင်းယွီ၏ အင်္ကျီအနားကို လှမ်းဆွဲလိုက်ပြီး

“ နင် အဆင်ပြေရဲ့လားဟင်”

ကုချင်းယွီသည် ပန်းချီကားကို ငေးကြည့်နေ၏။ ပန်းချီကားပေါ်က ဆေးများအားလုံးသည် ရောနှောသွားပြီး အလွန်ဝမ်းနည်းစရာကောင်းလေသည်။ သို့သော်....

ကြည့်လေလေ ငါလေးရဲ့ဂြိုဟ်ပေါ်က ရှုခင်းတစ်ခုနဲ့ ပိုတူလာလေလေ ဖြစ်နေပါလား။

ကုချင်းယွီသည် လင်ရှောင်ရိ၏စကားကြောင့် အနည်းငယ်စိတ်ရှုပ်သွားတော့သည်။

“ ဝမ်းမနည်းနဲ့တော့နော်၊ နောက်လကျရင်လည်း တခြားပြိုင်ပွဲတွေ ရှိသေးတယ်...”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now