အပိုင်း (၁၁၃) ကုချင်းယွီ နင် တမင်လုပ်တာမလား

978 116 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၁၁၃) ကုချင်းယွီ နင် တမင်လုပ်တာမလား

သည်တစ်ကြိမ်တွင် မြင်ကွင်းသည် ဗီဒိုကို တည့်တည့်ရိုက်ထားပြီး လင်ရှောင်ရိက ကုချင်းယွီ သည်စာသင်နှစ်အတွင်း ဆွဲထားသော ဒါဇင်နှင့်ချီသည့် ပန်းချီကားများကို ကြည့်နေသည်။ သူမ၏မျက်လုံးသည် ဗီဒိုထဲက ပိုကြီးသည့်ဆေးဘူးဆီ ရောက်သွားပြီး ဘူးတစ်ခုကို ဖွင့်ကာ ကုချင်းယွီ၏ ပန်းချီကားများ အားလုံးပေါ်သို့ လောင်းချလိုက်တော့သည်။

အခန်းထဲမှလူအားလုံးသည် ပန်းချီကျောင်းသူ ကျောင်းသားများဖြစ်ကြရာ စိတ်ကျေနပ်လောက်သည့် ပန်းချီကားတစ်ခု ရဖို့ မည်မျှအားထုတ်ရကြောင်း သိကြလေသည်။ အထူးသဖြင့် ကုချင်းယွီ၏ ပန်းချီကားများပင်။ သည်စာသင်နှစ်တွင် ကုချင်းယွီသည် အလွန်တိုးတက်လာ၏။ သူမသည် ပန်းချီဆွဲရာတွင် အလွန်တော်ပြီးသား ဖြစ်သော်လည်း သည်စာသင်နှစ်တွင် သူမ၏ အနုပညာဖန်တီးမှု ဉာဏ်တို့က ပွင့်ထွက်လာသကဲ့သို့ပင်။ ပန်းချီကားလုံးနီးပါးက ဆရာများ၏ ချီးကျူးခံရပြီး သူမသည်လည်း အခန်းထဲတွင် အမြဲတမ်း အတော်ဆုံး ကျောင်းသူ ဖြစ်လေသည်။

သည်ဒါဇင်နှင့်ချီသည့် ပန်းချီကားများသည် ဆေးဘူးတစ်ခုနှင့် လင်ရှောင်ရိကြောင့် ဖျက်ဆီးခံခဲ့ရသည်။

သူတို့သည် အထိတ်တလန့်ဖြင့် အော်ဟစ်ကာ လင်ရှောင်ရိကို ရွံရှာစွာ ကြည့်လိုက်ကြလေသည်။ လူတစ်ယောက်ကို မုန်းရင်တောင် သူ့ပစ္စည်းကို မခိုးသင့်သလို သူ့ပန်းချီကားတွေကိုလည်း မဖျက်ဆီးသင့်ဘူးလေ။ ဒီလင်ရှောင်ရိက တကယ်စာရိတ္တညံ့ဖျင်းတာပဲဟယ်။

လင်ရှောင်ရိ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ သူမ လုပ်ခဲ့တာတွေ ကင်မရာပေါ်မှာ ဘာလို့ လာပေါ်နေတာလဲ။ ပြီးတော့ အရမ်းကို ရှင်းလင်းနေတာမှ လွန်ခဲ့တဲ့ မိနစ် ၂၀ကတဲ့။ သူမ ဘယ်လိုမှ ငြင်းလို့တောင်မရတော့ဘူး။

ရှောက်ဇီဟန်က သူမကို ရွံရှာသည့် မျက်နှာထားနှင့် ကြည့်နေသည်ကို မြင်လိုက်ချိန်၌ သူမ၏နှလုံးသားမှာ အေးခဲသွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now