အပိုင်း (၇၀) သူက အရေးပါတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်

1.7K 198 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၇၀) သူက အရေးပါတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်

တွမ့်ယွင်ယွင်သည် တွမ့်ရှင်းယွမ်ကို ကြည့်လိုက်ပြီးနောက် မုရွှမ်ချင်ဘက်သို့ အကြည့်လွှဲလိုက်သည်တွင်...

ဒီမျက်နှာ...

အရမ်းချောတာပဲ၊ သူမအစ်ကိုထပ်မနိမ့်ဘူး အဲလိုဆိုရင်တောင်....

သူမသည် ဝန်မခံချင်ပါသော်လည်း ဝန်ခံရပေလိမ့်မည်။ သူတို့နှစ်ယောက် အတူတူရပ်နေချိန်တွင် သာမန်မျက်လုံးဖြင့်ကြည့်လျှင်တောင် သည်ယောက်ျားသည် သူ့အစ်ကိုအပေါ် လုံးဝ လွှမ်းမိုးထားလေသည်။

တွမ့်ယွင်ယွင်သည် ပြန်ပြောင်းကြည့်လိုက်ရာ သူ့အစ်ကိုက ထိုယောက်ျားအား တစ်ခုခုပြောနေလိုက်ပြီး သူ့အား လူကြီးတစ်ယောက်ကို တလေးတစား ဦးညွှတ်နေသည်ကို ကြည့်နေမိလေသည်။ သူမသည် အနည်းငယ် တွေဝေသွားသော်လည်း ခပ်ရေးရေး စိတ်လှုပ်ရှားသွား၏။

သူ့အစ်ကိုဝမ်းကွဲအား ဤသို့ဆက်ဆံအောင် လုပ်နိုင်သူမှာ အရေးပါသူတစ်ယောက်ပင် ဖြစ်ရမည်။

တော်ဝင်မြို့တော်တစ်ခုလုံးတွင် သူမအစ်ကိုဝမ်းကွဲလို အထင်ကြီးစရာကောင်းသည့် လက်မထပ်ရသေးသည့် ယောက်ျားများများစားစား မရှိချေ။ မုရွှမ်ချင်းအား တလေးတစားနှင့် ဆက်ဆံနေသည်ကို မြင်လိုက်ရပြီးနောက် သူမ၏ခံစားချက်သည် ထိုးတက်လာတော့သည်။

ဒီလိုယောက်ျားမျိုးက ချမ်းသာပြီး အာဏာရှိတဲ့သူပဲ ဖြစ်ရမယ်။

သူမသည် သည်လိုယောက်ျားမျိုးကို လက်ထပ်နိုင်ခဲ့လျှင် သူမ၏အစ်ကိုဝမ်းကွဲနှင့် ဦးလေးမိသားစုပင် သူမကို တလေးတစား ဆက်ဆံကြလိမ့်မည် ထင်သည်။

ဒါလုံးဝ ပြီးပြည့်စုံတာပဲ။

တွမ့်ယွင်ယွင်သည် ပျော့ပြောင်းစွာရယ်လိုက်ပြီး

“ အိုဟယ် နောက်တစ်ခါမှပေါ့၊ ငါ့အစ်ကိုလည်း သူ့ကို ကောင်းကောင်းသိတဲ့ပုံ မပေါ်ပါဘူး...”

သူမ၏အချစ်ဆုံးသူငယ်ချင်းသည် သူမ၏မျက်လုံးထဲတွင် နားလည်သွားသည့်အရိပ်အယောင်ဖြင့် သူမကို လှည့်ကြည့်လိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now