အပိုင်း (၁၃၆) ကုချင်းယွီက ...တကယ်ပဲ... ဆရာ့ရဲ့လူလား

849 113 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၃၆) ကုချင်းယွီက ...တကယ်ပဲ... ဆရာ့ရဲ့လူလား

သို့သော် သူမအမေမိသားစုကလည်း ဆရာ့အင်အားကို မှီခိုနေရမှန်း သူမသိလေသည်။ ထို့ကြောင့် သူမ အင်အားကြီးလျှင်တောင် တချို့နယ်ပယ်လေးများတွင်သာ အင်အားရှိပြီး သူမ၏ယောက်ျားကို သိပ်မလွန်ဆန်ရဲချေ။

ထို့ကြောင့် သည်အခိုက်တွင် သူမ ဒေါသထွက်မိသော်လည်း မုရွှမ်ယန် စကားက အလိမ်အညာ မဟုတ်မှန်း သိလိုက်တော့သည်။ ကုချင်းယွီသည် အမှန်ပင် ဆရာ့လူဖြစ်ခဲ့လျှင် သူမနှင့် မုအိုက်တို့တွင် အမှန်ပင် ရွေးစရာမရှိတော့ချေ...

သို့သော်ငြား အဖိုးတန်သမီးလေး၏လက်အကြောင်း စဥ်းစားမိလျှင် ကုချင်းယွီကို အလွတ်ပေးဖို့ ဆန္ဒမရှိတော့ချေ....

မုရွှမ်ယန် မျိုသိပ်ရင်း ပြောပြန်သည်။

“ ဘာပဲဖြစ်ဖြစ် အဲအကြောင်း မစဥ်းစားနဲ့တော့၊ ဆရာက ကုချင်းယွီကို ကာကွယ်ပေးနေတာ၊ နောက်ဆိုရင် သူက မုမိသားစုဝင် တစ်ယောက်ဖြစ်လာနိုင်တယ်၊ သူက မုအိုက်ရဲ့အကြီး ဖြစ်လာလောက်တယ်၊ ဒီတော့ မင်းတို့ခေါင်းတွေကို ရှင်းထားဖို့ အကြံပေးထားမယ် ကိစ္စသေးသေးလေးကြောင့် ငါတို့မိသားစုရဲ့ အနာဂတ်ကို မဖျက်ဆီးနဲ့.... မုအိုက်မှာ စေ့စပ်ရမဲ့သူရှိပြီးသား ဒါပေမဲ့ တွမ့်မိသားစုက သူ ပန်းချီဆွဲနိုင်လို့ ရွေးခဲ့တာမဟုတ်ဘူးဆိုတာ မင်းကောင်းကောင်းသိပါတယ်”

ဒုတိယသခင်မမုသည့် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာတစ်ခွန်းမှ မပြောတော့ချေ။ ဒါသည် ဆရာ့ကြောင့်မှန်း သူမ သေချာသိထားလေသည်...

မုရွှမ်ယန် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး

“ ဒီကိစ္စက ဆရာ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီးပြီ၊ ရှောင်အိုက်က ငါတို့သမီးဆိုရင်တောင် ဒီကိစ္စကို စလုပ်ခဲ့တာ သူဆိုတာ မင်း သေချာသိထား၊ သူစလုပ်ခဲ့တာမလို့ သူ့ဘက်က မရပ်ရကောင်းလားဆိုပြီးတော့လည်း ဆရာ့ကို အပြစ်တင်မနေနဲ့၊ ပြီးတော့ မင်းလည်း သေချာစဥ်းစား၊ နောက်ပိုင်း မုအိုက် ပန်းချီမဆွဲနိုင်ရင်တောင် ဘာမှမဖြစ်ဘူး၊ သူ ပန်းချီဆွဲလာတာ ဆယ်နှစ်ကျော်နေပြီး သူ့မှာ အနုပညာနဲ့ပတ်သက်ပြီး လုပ်နိုင်စွမ်းရှိပြီးသား၊ သူ ပန်းချီထပ်မဆွဲနိုင်တော့ဘူးဆိုရင်တောင် ပြခန်းတစ်ခုတော့ ဖွင့်လို့ရသေးတယ်၊ ဒီတော့ သူ့အတွက် မင်းရဲ့အစီအစဥ်ကို ဘာမှ မထိခိုက်ဘူး၊ ငါ သူ့အတွက် အကောင်းဆုံးဆရာဝန် ရှာပေးမယ်၊ သူ ပန်းချီမဆွဲနိုင်တော့ဘူးလို့ ဘယ်သူပြောလဲ၊ သူက ငါတို့မုမိသားစုရဲ့ သမီးပဲ၊ သူ့ပန်းချီက မကောင်းဘူးဆိုရင်တောင် သူ့ကို ချစ်ခင်ကြမဲ့လူတွေမှ အများကြီး”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now