အပိုင်း (၁၅၆) သရဲလိုဟန်ဆောင်မနေနဲ့

533 70 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၅၆) သရဲလိုဟန်ဆောင်မနေနဲ့

သမုဒ္ဒရာ၏တစ်ဖက်၌ ကုချင်းချန်သည် ဝေ့ပေါ်ပေါ်က မှတ်ချက်များသည် ကုချင်းယွီကို မုန်းနေရာမှ သူမ၏ချစ်သူအစစ်ကို ရှာဖွေဖို့ကြိုးစားနေကြပြီး ကျွမ်းစစ်ရိနှင့် လက်တွဲလုပ်ထားသည့် ရုပ်ရှင်အကြောင်း ရောက်သွားသည်ကို မြင်လိုက်ရချိန်တွင် မုန်းတီးစိတ်ဖြင့် အံကြိတ်ထားလိုက်တော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ဖုန်းစခရင်သည် ရုတ်တရက် ဖျက်ခနဲဖြစ်သွားပြီးနောက် ထစ်သွားတော့သည်။

ကုချင်းချန်က တအံ့တဩဖြစ်သွားပြီး

“ဘာဖြစ်နေတာလဲ”

ထို့နောက် သူမ၏ဖုန်းသည် အလိုလို ဖိုင်တစ်ခုကို ဖွင့်လိုက်ကာ ဖုန်းပေါ်တွင် အနီရောင်စာကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို ကြည့်နေမိလေသည်။

“ကုချင်းချန် ပျော်ရဲ့လား”

ကုချင်းချန်၏မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်သွားကာ ဖုန်းကို အဝေးသို့ ပစ်ထုတ်လိုက်တော့သည်။

ကံဆိုးချင်တော့ သူမ၏ဖုန်းသည် အလွန်ကောင်းနေရာ စခရင်မှာ အက်ရာပင် မထင်ချေ။  နောက်စာကြောင်းတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်...

“ မစိုးရိမ်ပါနဲ့ ပိုပြီးပျော်ဖို့ ကောင်းလာတော့မှာပါ”

ထိုစာကြောင်းနောက်တွင် သွေးများ လူးနေသည့် အပြုံးမျက်နှာတစ်ခု ပေါ်လာလေသည်။

ကုချင်းချန်က ငရဲခန်းသို့ ကျသွားသည့်နှယ် လုံးဝ တုန်ယင်သွားပြီး

“မဟုတ်ဘူး ဟက်ခံရတာပဲ ဖြစ်မယ်... ကု ကုချင်းယွီ... နင်လား”

စခရင်ပေါ်တွင် နောက်စာကြောင်းတစ်ခု ရုတ်တရက်ပေါ်လာပြန်သည်။ ထို့နောက် သွေးအလိမ်းလိမ်း မျက်နှာဖြင့် မိန်းမသရဲတစ်ကောင် ရုတ်တရက်ပေါ်လာ၏။ သုံးဖက်မြင်ရုပ်လုံးက အလွန်မှ လက်တွေ့ဆန်လေသည်။ မိန်းမသရဲသည် စခရင်ထဲမှ ထွက်လာတော့မယောင်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now