အပိုင်း (၁၅၉) သူမရဲ့ချစ်သူက ဘယ်သူများလဲ

701 80 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၅၉) သူမရဲ့ချစ်သူက ဘယ်သူများလဲ

သို့သော် သူမ၏သဘောထားက မှန်ကန်နေသေးဆဲ။

ချန်းမိသားစုသည် ဒုက္ခရောက်နေသဖြင့် သူတို့၏ရှယ်ယာများကို လွှဲပြောင်းရမည်က အချိန်တစ်ခုသာလိုသည်။ သူလည်း သူတို့ရှယ်ယာများကို ရဖို့ကြိုးစားခဲ့သော်လည်း အခုအချိန် အချိန်ကောင်း မဟုတ်သေးပေ။ နောက်ဆုံး သူတို့သည် အချုပ်ထဲတွင်ရှိနေပြီး သူ့ကိုလည်း စကားပြောချင်စိတ် ရှိလိမ့်မည်မဟုတ်...

“ချန်းဟိုင် တဲ့လား၊ အဲဒါဘယ်သူလဲ”

ကုဝမ်ချန်သည် ဖိုင်ပေါ်ကနာမည်ကို ကြည့်ရင်း မျက်လုံးများကို ကျဥ်းမြောင်းထားလေသည်။

အဲဒါဘယ်သူလဲ။ ဒီလိုအချိန်တိုလေးအတွင်းမှ ချန်မိသားစုကို ဖယ်ရှားနိုင်ခဲ့သတဲ့လား။ သူမျိုးနွယ်နာမည်ကလည်း ချန်းတဲ့လား။ ဧကန္တက ချန်းမိသားစုရဲ့ ဆွေမျိုးများလား။

ကုချင်းယွီသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“ မသိဘူး၊ သမီးချစ်သူက သမီးကို ပေးလိုက်တာ”

ကုဝမ်ချန် မျက်လုံးများ ကျဥ်းမြောင်းသွားပြီး

“ နင့်ချစ်သူက... ချန်းဟိုင်မဟုတ်ဘူးပေါ့”

ကုချင်းယွီ ခေါင်းခါပြလိုက်၏။

“ မဟုတ်ဘူး”

“ဒါဆို သူကဘယ်သူလဲ”

ကုဝမ်ချန်သည် သည်ကိစ္စကို စိုးရိမ်နေမိဆဲ။ သူသည် စာချုပ်ကို မြင်လိုက်ရတော့ သိပ်စိတ်ဆိုးမနေတော့ချေ။ ကုအုပ်စုရှယ်ယာကို အချိန်တိုအတွင်း လွယ်လွယ်လေးနဲ့ ဝယ်နိုင်တယ်ဆိုတော့... ဒီလူက သာမန်မဟုတ်တာတော့ သေချာတယ်။ သူ တွမ့်ရှင်းယွမ်ထပ်တော့ နိမ့်မှာ မဟုတ်ဘူးမလား။

ကုဝမ်ချန်သည် အမှန်ပင် အလွန်အကင်းပါးလေသည်။ သို့သော် ကုချင်းယွီက မုရွှမ်ချင်မည်သူဖြစ်ကြောင်း သူ့ကို ပြောပြရန် စိတ်ကူးမရှိရာ ခေါင်းသာ ခါပြလိုက်လေသည်။

“သမီးမသိဘူး၊ သမီး Sမြို့မှာတုန်းက သူ သမီးကို တစ်ခါကူညီခဲ့ဖူးတယ်၊ဪ အဲနေ့က တွမ့်ရှင်းယွမ် သမီးကို သူ့ကုမ္ပဏီကနေ ဆွဲထုတ်ခဲ့တဲ့နေ့လေ... နောက်ပိုင်း သမီး တော်ဝင်မြို့တော်ကို သွားခဲ့တုန်းက သူနဲ့ ထပ်တွေ့ခဲ့တာ”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now