အပိုင်း (၁၆၉) ရုပ်ရှင်ရုံတင်ဝင်ငွေ

521 70 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၆၉) ရုပ်ရှင်ရုံတင်ဝင်ငွေ

ပုံမှန်အားဖြင့် ပါးစပ်ဖျားတွင် ရေပန်းစားနေသည့် ရုပ်ရှင်တစ်ခုသည် ရုံတင်ငွေ ကောင်းလေ့မရှိပေ။ သို့ဖြစ်ရာ လွန်ခဲ့သည့်တစ်လကျော်ကတည်းက အာရုံစိုက်မှုအများအပြားရခဲ့သည့် [ကြယ်တာရာ]သည် ရုံတင်ပြီးနောက် မည်သူသို့ ဖြစ်လာပါမည်နည်း။

နောက်တစ်နေ့တွင် ရုံတင်ဝင်ငွေ ထွက်လာချိန်၌ အနုပညာလောကမှ လူအားလုံးသည် ရှောခ့်ဖြစ်သွားတော့သည်။

သူတို့သည် ရုံတင်ဝင်ငွေကောင်းမည်မှန်း သိထားသော်လည်း သည်လောက်မြင့်မည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။

သူ့ကို ဇွန် ၁တွင် ရုံခဲ့သည်ဆိုလျှင်တောင် ထိုနေ့တွင် တစ်ချိန်ထဲ ရုံတင်ခဲ့ကြသည့် animeရုပ်ရှင်များလည်းရှိသည်။ ဒါကို ဘယ်လိုလုပ်ပြီး.....

ရုံတင်ဝင်ငွေက သန်း၁၃၀တဲ့လဲ။

တခြား animeရုပ်ရှင်များသည် [ကြယ်တာရာ]နှင့် ယှဥ်လျှင် ဝမ်းနည်းစရာကောင်းလောက်အောင် ကျရှုံးခဲ့ပြီး အထူးသဖြင့် LILAက သန်း၁၀၀ကျော်ရင်းနှီးမြှုပ်နှံထားပြီး အထူးပြုလုပ်ချက်အနေဖြင့် အကောင်းဆုံး anime ရုပ်ရှင်ဟု ကြေညာထားကာ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာခဲ့ပြီး လူအများစုကလည်း ကြည့်မည်ဟု  ပြောထားကြသည့် [မင်းသမီးလေးအန်းအန်း]ရုပ်ရှင်သည် ပထမနေ့ရုံတင်ဝင်ငွေမှာ သန်း၆၀သာရှိပြီ သန်း၁၀၀ ပင်မပြည့်ချေ။ တခြားanimeရုပ်ရှင်များနှင့် ယှဥ်လျှင် မဆိုးလှသော်လည်း [ကြယ်တာရာ]ရုံတင်ဝင်ငွေနှင့် ယှဥ်လျှင်တော့ [မင်းသမီးလေးအန်းအန်း]သည် လုံးဝရှုံးလေသည်။

LILAမှ လူများက animeရုပ်ရှင်၏ ရုံတင်ဝင်ငွေနှစ်ကြားက သိသိသာသာကွာခြားချက်ကို မြင်လိုက်တော့ သူတို့၏မျက်နှာမှာ ညှိုးသွားတော့သည်။

သူတို့သည် သူတို့၏ ကြော်ငြာကာလအတွင်း [ကြယ်တာရာ]ကိုပင် တိုက်ခိုက်ခဲ့ကြသော်လည်း ပထမနေ့မှာပင် [ကြယ်တာရာ]၏ အနိုင်ယူခံလိုက်ရတော့သည်။

ဒါသည် ရှက်ဖွယ်ပင်။

အခုတော့ အင်တာနက်သုံးစွဲသူများသည် နာမည်ကောင်းကောင်းမရခဲ့သည့် [မင်းသမီးလေး အန်းအန်း]နှင့် သူတို့ကို ရယ်နေကြတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now