အပိုင်း (၁၅၁) သူတို့ကို ဒေဝါလီခံသွားအောင်လုပ်ပစ်မယ်

625 86 0
                                    

အပိုင်း (၁၅၁) သူတို့ကို ဒေဝါလီခံသွားအောင်လုပ်ပစ်မယ်

အောက်မှ မှတ်ချက်များသည်လည်း မနှစ်မြို့ဖွယ်ရာများပင်။

“တွမ့်ရှင်းယွမ်၊ [နဂါးစိမ်းလေး]ရဲ့ထုတ်လုပ်သူ ကျွမ်းစစ်ရိ ၊ သူမရဲ့ ကျောင်းက ဆရာချောချောလေး စတာယန်၊ အတန်းဖော် ရှောက်ဇီဟန် နဲ့ ကုအုပ်စုကရှယ်ယာရှင်ရဲ့ သား ချန်းဟောက်ယွီ... ကျွတ် ကျွတ် ကုချင်းယွီနဲ့ ခန္ဓာကိုယ်လေးက ယောက်ျားတွေအများကြီးကို ကိုင်တွယ်နိုင်လို့လား”

“ သူက တကယ် တစ်ခုခုပဲဟဲ့၊ ဒီနေ့ည သူ့အဖေက သူ့ကို ရောင်းကုန်တစ်ခုလို ယောက်ျားတွေအများကြီးနဲ့ မိတ်ဆက်ပေးတာကို တွေ့လိုက်ရတော့ သူ့ကိုယ်စား သနားနေတာ ဒါပေမဲ့ အခုတော့ သူ့ကြည့်ရတာကို ဒါကိုပဲ ပျော်နေသလိုပဲ”

“ တွမ့်ရှင်းယွမ်က သူ့ကို ဘာလို့ပစ်ချသွားလဲဆိုတာ နောက်ဆုံးတော့ သိသွားပြီ၊ သူ သူ့သတို့သမီးလောင်းထက် ပိုလှပေမဲ့ သူ့သမီးလောင်းအသစ်လို နောက်ခံကောင်းကောင်းမှ မရှိတာ၊ ပြီးတော့ သူက မသန့်ရှင်းတော့ဘူး”

“ သူက Sမြို့က အချမ်းသာဆုံး ကောင်မလေးမလား၊ ဘာလို့ အထက်တန်းစားအသိုင်းဝိုင်း နာမည်ကြီးတဲ့သူနဲ့တူနေတာလဲ၊ ဒီပျော့ပြောင်းပြီသိမ်မွေ့တဲ့ကောင်မလေးရဲ့ရုပ်ရည်လေးက အပေါ်ယံတစ်ခုပဲ ဟုတ်တယ်မလား”

ဓာတ်ပုံများကို ရိုက်ယူထားသည့် ရှုထောင့်မှာ အမှန်ပင် ဒွိဟဖြစ်စရာ။ ထို့အပြင် လူများက သိပ်မတွေးတတ်ကြသလို ယောကျ်ားများနှင့် အတူတူရှိနေရာ ပြောရန်ပင် မလိုချေ...

ချန်ရန်၏ စကားက မှန်နေသည်။ ဒါသည် အမှန်ပင် ကြိုတင်ကြံစည်ထားသည့် အသရေဖျက်မှုဖြစ်ပြီး အရင်ကတည်းက စီစဥ်လာခဲ့သည့်အရာလည်း ဖြစ်မည်။

မုရွှမ်ချင်၏မျက်နှာသည် ထိုပိုစ့်ကို တွေ့လိုက်သည်နှင့် ညိုမည်းသွားပြီး

“ အခုချက်ချင်း ဖြုတ်ချလိုက်”

“ စိတ်လျှော့ပါရှင်”

တစ်ဖက်တွင်တော့ ကုချင်းယွီသည် တည်ငြိမ်ကာ ဣန္ဒြေရရဖြင့်

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now