အပိုင်း ( ၅၄) ဝမ်းသာလိုက်တာ၊ ရှင် မသေဘူးနော်

1.7K 209 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၅၄) ဝမ်းသာလိုက်တာ၊ ရှင် မသေဘူးနော်

မုရွှမ်ချင်သည် သူ့ရှေ့က အမျိုးသမီးကို ငုံ့ကြည့်လိုက်ကာ မေးလိုက်၏။

“ ကူညီပေးရမလား”

ကုချင်းယွီသည် သူ့ရှေ့က အနက်ရောင်ထီးတစ်ချောင်းကို ကိုင်ထားသည့် ယောက်ျားကို မော့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲက မပြောင်းလဲသည့်စွမ်းအင်ကို ခံစားလိုက်ရလေသည်။ နွေးထွေးပြီး သက်သောင့်သက်သာဖြစ်ရာ သူမ၏ခြေထောက်က နာကျင်မှုကိုပင် ချက်ချင်း ပျောက်သွားအောင် လုပ်နိုင်လေသည်။

သူမသည် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏သားကောင်ကို မြင်လိုက်သည့်နှယ် သူမ၏မျက်လုံးများသည် သူ့ထံမှ မခွာတော့ချေ။

“အင်း”

သူမသည် မျက်နှာသေလေးဖြင့် ကလေးတစ်ယောက်က ထွေးပွေးဖို့ တောင်းဆိုနေသည့်နှယ် သူမ၏လက်များကို ဆန့်ထားလိုက်လေသည်။

“...”

အဝေးတစ်နေရာတွင် ဆရာ့ကို ကြိုပေးဖို့ အစောင့်အနည်းငယ်နှင့် ကားမောင်းလာသည့် ချန်ရန်သည် တံတွေးကို မျိုချရင်း မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေတော့သည်။

မဟုတ်မှလွဲရော သူတို့တွေ အမြင်မှားသွားတာလား။

သူတို့ရဲ့ဆရာက မိန်းကလေးတစ်ယောက်ကို တကယ်ပဲ ဖက်ထားပြီး တွဲထူထားတယ် ဟုတ်လား။ မဟုတ်ဘူး။ မဟုတ်ဘူး။ အတိအကျပြောရရင် အခုလေးတင် သူတို့ရဲ့ဆရာက မိန်းကလေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်တာ မလား။ သူတို့တွေ အမြင်မှားတာ မဟုတ်ပါဘူး။ သူတို့တွေ အမြင်အာရုံချို့တဲ့တာလဲ မဟုတ်ဘူးလေ။

မုရွှမ်ချင်သည် ချန်ရန်နှင့် တခြားလူများကို သတိပေးသလို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရင်ခွင်ထဲတွင် မိန်းကလေးတစ်ယောက်ကို ပွေ့ထားရသည်ကို တစ်နည်းနည်းဖြင့် အနေရခက်နေတော့သည်။

သူမ၏ခန္ဓာကိုယ်သည် ပျော့ပြောင်းသေးငယ်ကာ သူ့ရင်ခွင်ထဲတွင် ထည့်ထားဖို့ရာ မွေးဖွားလာသည့်နှယ်။ သူမကိုယ်သူမ သူ့လက်မောင်းထဲ ပစ်ဝင်လာချိန်၌ သူမသည် သူ့လက်မောင်းထဲတွင် ထူးထူးဆန်းဆန်းပင် အံဝင်ခွင်ကျ ဖြစ်နေတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now