အပိုင်း (၆၀) ဒါက... ရှုံးမှာကြောက်လို့ ထွက်ပြေးတာပေါ့

1.7K 220 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၆၀) ဒါက... ရှုံးမှာကြောက်လို့ ထွက်ပြေးတာပေါ့

ထိုသို့ပြောပြီးနောက် မုရွှမ်ချင်သည် တုံ့ဆိုင်းမနေတော့ဘဲ အပေါ်ထပ်သို့ တက်သွားလိုက်တော့သည်။ ကုချင်းယွီသည် ချစ်စဖွယ်ပြုံးလိုက်ပြီး နောက်က မြန်မြန်လိုက်သွားတော့သည်။

“ဆရာရယ် ဖြည်းဖြည်းလျှောက်ပါ ကျွန်မ ခြေထောက်နာနေပြီရှင့်....”

“ဆရာ ရှင့်လှေကားကလည်း ရှည်လိုက်တာ၊ လှေကားထစ်တွေကလည်း အမြင့်ကြီးပဲ၊ ကျွန်မခြေထောက်တွေ လမ်းလျှောက်ရလို့ အရမ်းနာနေပြီရှင့်....”

“ဆရာ... အမေ့...”

သူမသည် သူမရှေ့ကယောက်ျားက မနေနိုင်တော့သည်အထိ တစ်လမ်းလုံး ညည်းညူလာပြီး ကျီစယ်ပြောဆိုနေလေသည်။ သူသည် လှည့်လာပြီး သူမကို ခါးမှ ကောက်ချီလိုက်တော့သည်။

ထိုနောက် သူသည် သူမကို တည်တည်ငြိမ်ငြိမ်ဖြင့် ချီတက်သွားတော့သည်။

သူမ၏ခန္ဓကိုယ်သည် သူ့ခြေလှမ်းအတိုင်း လိုက်ယိမ်းနေပြီး ကုချင်းယွီသည် မုရွှမ်ချင်၏ လက်မောင်းပေါ်တွင် လေးတွဲ့စွာ မှီလိုက်ပြီး သူ၏ပြတ်သားလှသည့် မေးရိုးကို ငေးကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများသည် အောက်သို့ တဖြည်းဖြည်း ဆင်းသွားတော့သည်။

ဒီလည်ပင်းပေါ်က သွေးကြာတွေက တကယ် တကယ် အရမ်း ဆွဲဆောင်မှုရှိလိုက်တာဟယ်...

သူတို့ဂြိုဟ်က လူတွေမှာလည်း သွေးရှိပါတယ်။ ဒါပေမဲ့ တခြားလူရဲ့သွေးက ဒီလောက်ကြီး ဆွဲဆောင်မှုရှိတာတောင် တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူ့ကို ကြည့်လိုက်တိုင်း ကိုယ့်ဟာကိုယ် မထိန်းချုပ်နိုင်အောင် ဖြစ်နေမိတော့တာပဲဟဲ့။ ဒါပေမဲ့ ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်ထဲမှာ တစ်ခုရှိသေးတယ်၊ ဒဏ္ဍာရီထဲမှာတော့ ကမ္ဘာပေါ်မှာ ဗန်ပိုင်းယားလို့ခေါ်တဲ့ သတ္တဝါတစ်မျိုး ရှိတယ်တဲ့လေ။ ငါလေးက ကမ္ဘာမြေမှာ နေထိုင်တဲ့သူဆိုရင် ဒီမျိုးနွယ်ထဲမှာ ပါနေမလားပဲ။

သူမ၏အကြည့်သည် အလွန်သိသာနေ၏။ မုရွှမ်ချင်သည် အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ရပ်လိုက်ကာ ကူကယ်ရာမဲ့သလို ပြောလိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now